AD
AD
AD

သရုပ်ဆောင် စိုးမြတ်နန္ဒာက အမဖြစ်သူ မကြီးစိုးရဲ့ တာဝန်ကို ကူညီထမ်းဆောင်ပေး ခဲ့တာပါတဲ့။ စွန့်ပစ်ခံရင်ခွင်မဲ့ ကလေးများ စနစ်တကျပြုစုစောင့်ရှောက်ရေးအတွက် ရန်ပုံငွေပွဲ ဂီတဖျော်ဖြေပွဲမှာ  အမဖြစ်သူကိုယ်စား  ဝင်ပြီးပါဝင်ပေးခဲ့တာလို့ သိရပါတယ်။

play

 

စိုးမြတ်သူဇာက မေမြို့မှာ  ရုပ်ရှင်ရိုက်နေတာကြောင့် မကြီးရဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ပြီးပါပြီဆိုပြီး စိုးမြတ်သူဇာက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"မကြီး ရဲ့ သမိုင်းပေးတာဝန် ထမ်းဆောင် ပြီးပါပြီရှင့်။ ဒီ ပြဇာတ်က မကြီး ကရမှာပါ .. ဒါပေမဲ့ မကြီးက မေမြို့မှာ ရုပ်ရှင်ရိုက်နေတာမို့ ပြန်လာဖို့ ဘယ်လိုမှ အဆင်မပြေတာနဲ့ ဝင်ကဖြစ်တာပါ . အမျိုးသမီး ရေးရာက အစ်မ တွေနဲ့လဲ ခင်နေတာမို့ရယ် ဝိသာခါက အစ်မ တွေကိုလဲ လုပ်နိုင်တာလေးနဲ့ ဝိုင်းကူချင်တာရယ်ပါ ။  ဒီ ခန္ဓာကိုယ်နဲ့ ကားတောင်မရိုက်ချင်တာ ...ခုလို စင်ပေါ်တက်ပြီး အလုပ်လုပ် ရတော့ ဘယ်လိုတွေရင်တုန် ဒူးတုန်တယ်ဆိုတာ သိစေချင်တယ်လို့စ် ... ဟာသတွေလဲ မပြောတတ် သူများပြောရင်လဲ ရီချင်တာလေ   ... မှားယွင်းတာရှိရင်လဲ ခွင့်လွှတ်ပေးကြပါရှင့်"ဆိုပြီးတော့ ပြောပြထားပါတယ်။

play

 

စိုးမြတ်နန္ဒာက လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပေမယ့်လည်း ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ် နေတာကို တွေ့ရပါတယ်။

စိုးမြတ်နန္ဒာကတော့ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေတဲ့ စိုးမြတ်နန္ဒာက ပိုးထည်ဆိုင်လည်း ဖွင့်ထားပါတယ်။ ယခုလောလော ဆယ်မှာ တော့ သူမက စီးပွားရေးဘက်ကိုပဲ ဦးစားပေးဖြစ်နေပြီး သားဖြစ်သူကို ဂရုစိုက်ဖြစ်နေပါတယ်။

Photo : စိုးမြတ်နန္ဒာ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD