AD
AD
AD

ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်က လက်ရှိမှာ ကျန်းမာရေးအခြေအနေမကောင်းဘူးလို့ သိရပါတယ်။  ကျောက်ကပ်ရောဂါခံစားနေရတဲ့အပြင် လေဖြန်းပြီး ချော်လဲရာက ခေါင်းနဲနဲထိသွားတာကြောင့် အာရုံကြောလည်း နဲနဲထိသွားခဲ့တာ ပါတဲ့။

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရှမ်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ နန်းခီသိမ်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ အဆိုတော် စိုင်းဆိုင်မောဝ် ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဆိုတော် စိုင်းဆိုင်မောဝ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကိုအရင်းဖြစ်သူ စိုင်းလောဝ်ဆိုင်က ပြောပြခဲ့တာပါ။

play

 

"စိုင်းဆိုင်​​မောဝ်​ ကျမ်းမာ​ရေးသိပ်​မ​ကောင်းပါ ခံစားရတဲ့​ရောဂါ က ​ကျောက်​ကပ်​​ရောဂါ ဖြစ်​ပါတယ်​။ လေဖြန်းတော့ ချော်​လဲရာ က ​ခေါင်းနဲနဲထိ ​တော့ အာရုံ​ကြောလည်း နဲနဲ ထိပါတယ်​သူ့အကို စိုင်း​လောဝ်​ဆိုင်​​ပြောပြ ပါတယ်​။ စကား​ပြော လည်း နဲနဲ ​လေးပါတယ်​" ဆိုပြီး သူမက ပြောပြထားတာပါ။

play

စိုင်းဆိုင်မောဝ်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။တချိန်က ရှမ်းပဲပြုတ် လေးကျွန်တော်၊ တောင်ပြာတန်းကသိတယ်၊မူဆယ်နန့်ခမ်းလမ်း အစရှိတဲ့သီချင်းတွေသာမက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ ယခုထက်တိုင် နေရာယူထားနေသူလည်း ဖြစ်ပါတယ်။

Photo : Nangkyi Thein

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD