AD
AD
AD

သရုပ်ဆောင် ထွန်းထွန်းက သူရဲ့ အင်စတာဂရမ်မှာ မနှစ်က အကယ်ဒမီရထားတဲ့ ပုံလေးကိုတင်ပြီး စာသားလေးတချို့ ရေးသားထားတာ ဖြစ်ပါတယ်။ မနှစ်က ဒီလိုအချိန်မှာ အားလုံး အတူတူရင်ခုန်စိတ်လှုပ်ရှားခဲ့တာတွေကို သူ့အနေနဲ့ ပြန်သတိရမိပါတယ်တဲ့။

ဒီနေ့လေးမှာ We love လေးတွေအတက် အမှတ်တရစီစဉ်ထားတာလေးတွေ ဖြစ်မလာလို့လည်း ပရိသတ်တွေကို တောင်းပန်ထားပါသေးတယ်။

play

 

'ချစ်ခင်ရပါသော ကျွန်တော့်အနုပညာကိုအားပေးတဲ့ ပရိတ်သတ်အပေါင်းတို့ခင်ဗျာ။ ၁ နှစ်တင်းတင်းပြည့်ပါပြီ။ မနှစ်ကဒီလိုအချိန်မှာ ကျွန်တော်တို့အတူတူရင်ခုန်စိတ်လှုပ်ရှားခဲ့ကြတာတွေ ပြန်သတိရပါတယ်။ အရမ်းလည်းကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော့်ကို စိတ်ခွန်အားတွေ အများကြီးပေးခဲ့ကြလို့ပါ။ ကျွန်တော်ဒီနေ့အတွက် #WLTTE တွေကို အမှတ်တရစီစဉ်ထားတာလေး ဖြစ်မလာဘူးဗျာ။ အလုပ်တွေများပြီးအခုလည်းရိုက်ကူးရေးနဲ့ခရီးလည်းထွက်နေရလို့ပါ။ ဒါကြောင့်ခွင့်လွှတ်ပါ။ member card လေးတွေတော့သိမ်းထားပေးပါအုံးနော်။ ကျွန်တော်အခုရိုက်ကူးရေးနဲ့ပတ်သတ်ပြီး ချစ်ပရိတ်သတ်တွေထပ်ပြီး ဂုဏ်ယူနိုင်ဖို့အတွက် ကြိုးစားနေပါတယ်ဗျာ။" ဆိုပြီး ရေးသားထားပါတယ်။

play

ပရိသတ်တွေအတွက် ဂုဏ်ယူနိုင်အောင် ကြိုးစားနေတယ်ဆိုတဲ့ ထွန်းထွန်းက ၂၀၁၈ခုနှစ်ထဲမှာလည်း ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကားတွေကိုလည်း အားပေးဝေဖန်ပေးဖို့အတွက် ပြောထားပါသေးတယ်။ ထွန်းထွန်းက ၂၀၁၆ခုနှစ် အကယ်ဒမီပေးပွဲမှာ အုတ်ကြားမြက်ပေါက်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ထွန်းထွန်းဟာ ၂၀၀၁ခုနှစ်နောက်ပိုင်းကတည်းက ဂီတလှုပ်ရှားမှုတွေ လုပ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဂီတလောကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်ကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထွန်းထွန်းဟာ သရုပ်ဆောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။ သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၆ခုနှစ်ထဲမှာ ဆက်တိုက်ရိုက်ကူးလာရသလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးသူ တစ်ဦးဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရသူလည်း ဖြစ်ပါတယ်။

Photo : ထွန်းထွန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD