AD
AD
AD

ထုတ်လုပ်ရေးလုပ်ငန်းပါ လုပ်ကိုင်လာတဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုက တင်သမျှ မြန်မာကားတွေ ကြည့်ဖြစ်တာလဲ သူမလုပ်ရမယ့် အလုပ်တွေထဲက တစ်ခုပါပဲတဲ့။အခုလည်း အပြိုင်ရုံတင်ထားတဲ့ မုဒြာရဲ့ခေါ်သံနဲ့ ရွှေကြာဇာတ်ကားနှစ်ကားစလုံးကို ကြည့်ဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။

ဇာတ်ကားနှစ်ကားကို ကြည့်ပြီးတဲ့ နောက်မှာတော့ မြန်မာယဉ်ကျေးမှုနဲ့ မြန်မာ့ဒေသဆိုင်ရာအလှအပများကို ပေါ်လွင်အောင် ဖော်ကျူးနိုင်လွန်း တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကို ချီးကျူးထားသလို ရွှေကြာမှာ ပါဝင်ထားတဲ့ ဖွေးဖွေးကိုလည်း သူမအနေနဲ့ အကယ်ဒမီမှန်းလိုက်ပါသေးတယ်။

play

 

"မုဒြာ​ခေါ်သံ နဲ့ ​ရွှေကြာ " ကိုကြည့်​ဖြစ်​တယ်​​လေ .. မုဒြာ က ဇာတ်​လမ်း အသား​ပေး မဟုတ်​တဲ့ မှတ်​တမ်းရုပ်​ရှင်​လိုသ​ဘောမျိုးကို ဇာတ်​လမ်းစဉ်ပြီး ဆွဲ​ဆောင်​မှုရှိ​အောင်​ တင်​ဆက်​သွားနိုင်​ပါတယ်​..ဇမ်​ခီ ရဲ့ အပိုအလိုမရှိ သရုပ်​​ဆောင်​မှု များကိုလဲ ရင်​ထဲမှာ မှတ်​မှတ်​ထင်​ထင်​ ရှိလှပါတယ်​။ မြန်​မာ့ ယဉ်​​ကျေးမှု နဲ့ မြန်​မာ့ ​ဒေသ ဆိုင်​ရာ အလှအပ များကိုလဲ ​ပေါ်လွင်​​အောင်​ ​ဖော်​ကျူးနိုင်​လွန်းပါ​သော ခီတို့ကိုလဲ ​လေးစားပါတယ်​။

ရွှေကြာ က​တော့ ဇာတ်​လမ်း အသား​ပေးတဲ့ ရုပ်​ရှင်​ အမျိုးအစား ဖြစ်​ပြီး ရင်​ထဲ မှာ ​ကျေနပ်​မှု အပြည့်​ရခဲ့တဲ့ ဇာတ်​ကား ဖြစ်​ပါတယ်​။ ဇာတ်​လမ်း ​ကောင်းသလို ကြည့်​ရှုသူ ရင်​ထဲ​အထိ​ရောက်​​အောင်​ ကိုဝိုင်း ရဲ့တင်​ဆက်​မှုများကိုလဲ ​ကျေးဇူးတင်​မိပါတယ်​။.တစ်ဇာတ်​လုံးကို မျက်​ဝန်းများနဲ့ ပုံ​ဖော်​​ပေးနိုင်​တဲ့ ​ဖွေး​ဖွေး ကိုလဲ ချီးကျူးခြင်းများစွာနဲ့ အတူ အကယ်​ဒမီ ရ​တော့မယ်​ဆိုတာလဲ သိ​နေပါတယ်။

play

 

မြန်မာဇာတ်ကားတွေကို စိတ်ပျက်နေကြတဲ့ ပရိသတ်များအနေနဲ့လည်း ကြည့်ဖြစ်အောင်ကြည့်ကြပါဆိုပြီး သူမက ရဲရဲကြီး တိုက်တွန်းထားပါသေးတယ်။

သူမတင်ထားတဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေက review ရေးတာကောင်းကြောင်း၊ ဘက်မလိုက်ပဲ ရေးထားတဲ့အတွက် သူမကို ချီးကျူးထားတဲ့ ကောမန့်တွေလည်း အများကြီးပါ။

play

ထွန်းအိန္ဒြာဗိုဟာ သရုပ်ဆောင်လောကမှာ အောင်မြင်ရုံသာမက အဆိုတော်အဖြစ်လည်း အောင်မြင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ကြေစားနှလုံးသားဆိုတဲ့ ဗီဒီယိုကားနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ မင်းအတွက်ပဲဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ထုတ်ခဲ့ပါတယ်။သူမဟာ နှောင်းတမြေ့မြေ့၊ အမေ့နို့ဘိုး၊ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ စတဲ့ ရုပ်ရှင်ကားတွေနဲ့ အကယ်ဒမီဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

အကယ်ဒမီ ၃ ဆုရှင် ထွန်းအိန္ဒြာဗိုဟာ ခင်ပွန်းဖြစ်သူ ဦးအောင်မင်းထွန်း၊ သား အောင်ဗိုလ်ကောင်းသန့်တို့နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Photo : ထွန်းအိန္ဒြာဗို

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD