AD
AD
AD

မိသားစုနဲ့အတူ ကယားကို ရောက်နေတဲ့ အိန္ဒြာကျော်ဇင်က ကယားမှာ နေရတာ ဘယ်လိုသာယာကြောင်းလေးတွေကို Live လွှင့်ပြီး ပြောပြခဲ့ပါတယ်။ သူမရဲ့ Live ထဲမှာ တူမလေး မေတိုးခိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပရိသတ်တွေနဲ့ စကားတွေ ပြောနေကြတာ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်ဟာ  ပရိသတ်တွေနဲ့  စကားပြောနေရင်းနဲ့ ပြေတီဦးနဲ့ပါ Live chat လေးလုပ်ပြီး စကားပြောခဲ့ပါသေးတယ်။

play

 

Live ထဲမှာ ဟိုဘက်ဒီဘက် စနောက်ပြီး ပျော်ပျော်ရွှင်ရွှင်လေး စကားတွေ ပြောနေတာက ကြည့်ရှုသူ ပရိသတ်တွေကိုပါ အပျော်ကူးစက်စေ ခဲ့တာပါ။ အဲ့ဒီ Live လေးကတော့ ကြည့်ရှုသူ သုံးသိန်းကျော် လေးသိန်းနီးပါး ဖြစ်သွားခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်က မိသားစုနဲ့အတူ အပန်းဖြေခရီးထွက်နေပေမယ့် ပြေတီဦးက ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ကူးနေရတယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်း လေးကိုလည်း သူတို့ရဲ့ Live ထဲမှာ ပြောပေးထားပါသေးတယ်။

Postby

 

ပရိသတ်တွေအတွက် အိန္ဒြာကျော်ဇင်ရဲ့ Live လေးကို ကြည့်ရအောင် ပြန်ပြီးထည့်ပေးလိုက်တယ်နော်။ အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ အိန္ဒြာကျော်ဇင်ဟာ အနုပညာလောက ထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

play

 

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။

Photo : အိန္ဒြာကျော်ဇင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD