AD
AD
AD

မကြာခင် ရက်ပိုင်းမှာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကြီး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မဟာသင်္ကြန်အချိန်အခါမှာဆိုရင် ပရိသတ်များကလည်း သူတို့ ချစ်ကြတဲ့ အနုပညာရှင်တွေဘယ်မှာရှိနေမလဲ ဆိုတာကို စိတ်ဝင်စားလို့ နေကြမှာပါ။

အဲ့ထဲကမှ ပရိသတ်တွေရဲ့ အချစ်တော်အိမ့်ချစ်က သူ့ရဲ့ သင်္ကြန်ပွဲတော်ကြိးမှာ သူမဘယ်မှာ ရှိမလဲဆိုတာကို ယခုလို ပြောပြလိုက်ပါတယ်။

play

 

"သင်္ကြန် အကြတ်နေ့ နဲ့ အတက်နေ့ ကိုမန္တလေး-ပြင်ဦးလွင် လမ်းပေါ်က ၅မိုင် အပန်းဖြေစခန်းမှာ Myanmar နဲ့တူတူရှိနေပါမယ်လို့ အကြိုနဲ့အကျက ရန်ကုန်မှာပါ ရန်ကုန်မှာဆိုတာကတော့Mrtv4 နဲ့ Channel 7 ကနေ ကြည့်လို့ရပါတယ်လို့ " ဆိုပြီး သူမရဲ့ အစီစဉ်ကို ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

အိမ့်ချစ်က မနှစ်က ၂၀၁၇ခုနှစ်သင်္ကြန်ကို ဘားအံမှာ သင်္ကြန်ကျခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းပန်းတိုင် ချစ်သူမြိုင် မဏ္ဍပ်မှာ ဖျော်ဖြေပေးခဲ့တာပါ။ဒီနှစ်မှာ အိမ့်ချစ်က ရန်ကုန်မှာကော မန္တလေး-ပြင်ဦးလွင် လမ်းပေါ်က မဏ္ဍပ်မှာကော ရှိနေတာဖြစ်လို့ ပရိသတ်တွေ ပျော်ရွှင်စေမှာပါ။

play

 

အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်းခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈"  ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် နိုဝင်ဘာ(၃) ရက်နေ့က ကျင်းပခဲ့တဲ့ သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကလည်း အောင်မြင်ခဲ့ပါသေးတယ်။

Photo : အိမ့်ချစ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD