AD
AD
AD

အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာတဲ့ သရုပ်ဆောင်ရဲတိုက်က သူရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကနေ "ပြန်လည်ဆုံဆည်းကြမယ်" ဆိုတဲ့ စာသားလေးတစ်ကြောင်းကို တင်လိုက်ပါတယ်။ အဲ့ဒီစာသားလေးနဲ့အတူ ၂၀၁၈ခုနှစ်အကယ်ဒမီပေးပွဲတက်ရောက်ဖို့အတွက် ဖိတ်ကြားထားတဲ့ ဖိတ်စာလေးကိုပါ တင်ထားတာ ဖြစ်ပါတယ်။

play

 

သူ့အနေနဲ့ အကယ်ဒမီပေးပွဲကို မတက်ဖြစ်တာတော့်တော့်ကို ကြာခဲ့ပါပြီ။အခုတော့ ၂၀၁၇ခုနှစ်အတွက် ကျင်းပပြုလုပ်မယ့် အကယ်ဒမီပေးပွဲကြီးကို ပထမဆုံးဦးအကြိမ်တက်ရောက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေကတော့ သူ့အတွက် ဝမ်းသာဂုဏ်ယူနေကြတယ်။

play

 

ရဲတိုက်ဟာ ၂၀၁၇ခုနှစ် နိုဝင်ဘာ(၁၇) ရက်နေ့က ထောင်ကနေ ပြန်လွှတ်လာတာဖြစ်ပြီး ဇန်နဝါရီ(၁၃) ရက်နေ့စပြီး ဇာတ်ကားတွေ စတင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သူစတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ bo bo film production နဲ့အတူ လက်တွဲပြီး "မှန်" ဆိုတဲ့ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့တာပါ။

အဲ့ဒီဇာတ်ကားကို ရဲတိုက်နဲ့အတူ ၊ အိချောပို ၊ထူးသာ၊ ဒေါင်းဝေနဲ့ သရုပ်ဆောင်များစွာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ရဲတိုက်က ဇာတ်ကားတွေ မရိုက်ကူးခင်မှာတော့ ခရီးတွေ သွားဖြစ်ခဲ့သလို ဇာတ်ကားရိုက်ကူးဖို့အတွက်ကိုလည်း ဝိတ်ချနေတယ်လို့လည်း သိရပါတယ်။

ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါမှာလည်း သူကြိုက်တဲ့ ဇာတ်လမ်းတွေ၊ ပရိသတ်တွေကြိုက်မယ့်ဇာတ်လမ်းတွေ ရွေးဖြစ်မှာ ဖြစ်သလို ကမ်းလှမ်းထားတဲ့ ဇာတ်လမ်းတွေများကလည်း သူနဲ့ လိုက်မယ့် ဇာတ်တွေ များတယ်လို့ သိရပါတယ်။

Photo : ရဲတိုက် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD