AD
AD
AD

သရုပ်ဆောင် အဆိုတော် ချစ်သုဝေက လူတကာလုပ်နိုင်တဲ့ အရာတွေကို လုပ်ရင်း ဂုဏ်ယူမဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ လူတကာ မလုပ်နိုင်တဲ့ သရုပ်ဆောင်အလုပ်ကို လုပ်နေရမှာကို ဘာလို့ ကလေးထိန်း ၊ကလေးထမင်းချက်ပြုတ်ပေးရတာတွေ လုပ်နေလဲဆိုတဲ့ တချို့ရဲ့မေးခွန်းတွေကို ပြန်ဖြေပေးလိုက်တာပါ။

play

"တချို့ကပြောတယ် လူတကာမလုပ်နိုင်တဲ့ သရုပ်ဆောင်အလုပ်ကို လုပ်နေရမယ့်အစား ကိုယ့်နေရာလူစားထိုးရတဲ့ လူတကာလုပ်တတ်တဲ့ ကလေးထိန်းရတာ, ကလေးထမင်းဟင်းချက်ပြုတ်ပေးရတာ တွေဘာလို့လုပ်နေလဲတဲ့ ..စိတ်ကိုလျော့ပြီး ရတုန်းရှာ ကလေးရှေ့ရေး အတွက်တဲ့ ချစ်လို့စေတနာတွေနဲ့ပြောကြတာပေါ့..he he ကိုယ်ကတော့ သိပါဘူး သူတို့လေးတွေအာဟာရပြည့်စုံဖို့ကို ကိုယ့်လက်နဲ့ ချက်မှကျေနပ်တော့ တတ်နိုင်ဘူး လူတကာလုပ်နိုင်တဲ့ အရာတွေလုပ်ရင်းဂုဏ်တွေယူမဆုံး Stay at-home mom မကျ working mom မကျ..."ဟိုမကျ ဒီမကျ ကိုယ့်ဘဝပေါ့ကွယ်" Working mom ဆိုတာက အီချကိုက သီချင်းတွေဆို ကြော်ငြာတွေရိုက်သေးတော့ he he..ညည်းတို့လေးတွေကြီးလို့ အမေကိုအချစ်ဆုံးမဟုတ်လို့ကတော့တွာ" ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်လေးမှာ ရေးသားထားပါတယ်။

play

ချစ်သုဝေဟာ သမီးလေးတွေအတွက် အချိန်ပေးရင်း အနုပညာအလုပ်တွေ လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုဆိုရင် သမီးလေးတွေက လမ်းစလျှောက်နေပါပြီ။သူတို့လေးတွေရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း မေမေချစ်သုဝေရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ပေးလျက်ရှိပါတယ်။

မေမြန်မာသစ်နဲ့ မေမြန်မာခေတ်ဆိုတဲ့ ချစ်စရာအရမ်းကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို မေမေချစ်သုဝေက ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရမ်းချော၊ အရမ်းချစ်စရာကောင်းတဲ့ သူတို့လေး ၂ ယောက်ဟာ ပရိသတ်အချစ်တော် ကလေးလေးတွေလည်း ဖြစ်ကြပါတယ်။

play

 

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Photo : ချစ်သုဝေ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD