AD
AD
AD

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲ ဈေးဝယ်ထွက်နေတဲ့ ပုံသစ်လေးတွေပါ။  ချစ်သူနဲ့အတူ ဈေးဝယ်ထွက်နေတဲ့ ပုံလေးတွေကို ဧငြိမ်းဖြူက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။

ပုံထဲမှာ ချစ်သူနှစ်ဦး ကြည်နူးနေကြတာ မြင်ရတာကြောင့် သူမရဲ့ ပရိသတ်တွေက အားကျလို့ နေပါတယ်။

play

 

ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

လူငယ်အဆိုတော် ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ နှစ်ဦးကတော့ လူငယ်အနုပညာရှင် နှစ်ဦးဖြစ်ပါတယ်။ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးက ၂၀၁၇ ခုနှစ်သင်္ကြန်အပြီးမှာ ချစ်သူတွေ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လို့ လာခဲ့ပါတယ်။

play

 

ပထမဆုံး ပိုင်းမှာတော့ သူတို့နှစ်ဦးတွဲနေကြတာနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ တော်တော်များများမှာ ငြင်းခဲ့ကြပေမယ့် နောက်ပိုင်းမှာ သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ကြပါတယ်။

ရဲရင့်အောင်ဟာ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့ ချစ်သူတွေ ဖြစ်ခဲ့ဖူးသလို သဉ္ဇာနွယ်ဝင်း မင်္ဂလာမဆောင်ခင်မှာလည်း "ဒီလောက်နဲ့ပဲ ကြေနပ်ပါတယ်" ဆိုတဲ့ သီချင်းကို အွန်လိုင်းမှာ ဖြန့်ခဲ့ပါတယ်။ အွန်လိုင်းပေါ် ဖြန့်ပြီး နာရီပိုင်းမှာ အဲ့ဒီသီချင်းဟာလည်း ပေါက်သွားခဲ့ပါတယ်။

play

 

အခုတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ဟာ ချစ်သူတွေအဖြစ် တရားဝင်တွဲနေကြပြီးတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ အချစ်ကြိုးတွေ ပိုမိုခိုင်မြဲလို့လာခဲ့ပါပြီ။ အခုဆိုရင်တော့ သူတို့ရဲ့ ချစ်သူသက်တမ်းဟာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

Photo : ဧငြိမ်းဖြူ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD