AD
AD
AD

ဒီနေ့(မတ်လ၂၂ရက်)မှာ ကျရောက်တဲ့ သရုပ်ဆောင် ဆုအိမ့်စံရဲ့ မွေးနေ့လေးကို ချစ်သူ သူရိယကဗီဒီယိုဖိုင်လေးနဲ့ မွေးနေ့ဆုတောင်းလေး တောင်းပေးခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်လေးထဲမှာ ဆုအိမ့်စံရဲ့  လှုပ်ရှားမှုလေးပါဝင်ထားတာပါ။ မွေးနေ့မနက်ခင်းလေးမှာ ပန်းဝယ်ပြီး ရွှေတိဂုံဘုရားသွားပြီး ကုသိုလ်ကောင်းမှုလေးတွေ ပြုလုပ်နေပုံကို ဗီဒီယိုအဖြစ် မှတ်တမ်းတင်ထားတဲ့ဖိုင်လေး ဖြစ်ပါတယ်။

Postby

 

သရုပ်ဆောင် လောကထဲမှာ ပရိသတ်အားပေးမှု ရရှိနေတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲလေးက ၂၀၁၈ခုနှစ် ဇန်နဝါရီ(၂၂) ရက်နေ့က ချစ်သူသက်တမ်း(၁)နှစ်ပြည့်လို့ သွားခဲ့တာပါ။

သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း(၁)နှစ်ပြည့်လေးကိုလည်း ထူးထူးခြားခြားလေး ဖြစ်အောင်လို့ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်းလေးမှာ အလှူသွားလုပ်ခဲ့ပါသေးတယ်။

play

 

သူရိယနဲ့ဆုအိမ့်စံတို့နှစ်ယောက်စလုံးဟာ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အသိအမှတ်ပြု ခံထားရတဲ့ အနုပညာရှင် နှစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်နေကြောင်းကိုတော့ ဖေ့စ်ဘွတ်ပေ့ခ်ျတစ်ခုကနေ ပြောပြခဲ့ရာက ပရိသတ်များ သိခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

အဲ့ဒီနောက်မှာ သူတို့နှစ်ဦးဟာ ချစ်သူတွေ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးကတော့ အနုပညာအလုပ်တွေကို အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နေတာကို ပရိသတ်တွေ တွေ့မြင်ရမှာပါ။တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ခဲသလို ရန်ဖြစ်ရင်လည်း မိနစ်ပိုင်းတောင် မကြာပဲ ပြန်ခေါ်တက်တဲ့သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ပရိသတ်တွေ တွေ့မြင်နိုင်မှာပါ။

Photo : သူရိယ FB ၊ ဆုအိမ့်စံ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD