AD
AD
AD
play

သူများတွေ အကယ်ဒမီပေးပွဲအတွက် ပြင်ဆင်နေကြချိန်မှာ သရုပ်ဆောင် ယွန်းယွန်းက စာမေးပွဲ သွားဖြေနေရပါတယ်။  သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း အခုတော့ စာမေးပွဲဖြေရမယ် ညနေမှ အကယ်ဒမီပေးပွဲသွားမယ်ဆိုပြီးတော့ ရေးသားထားတာ တွေ့ရပါတယ်။

play

 

သူမရဲ့ ပရိသတ်တွေက ညနေ ပွဲကျရင် ခေးလေးရဲ့ အလှကို မြင်ရတော့မှာမို့ ရင်ခုန်နေကြသလို သူမရဲ့အကယ်ဒမီပွဲ တက်ဝတ်စုံလေး ကိုလည်း တွေ့ချင်နေကြပြီလို့ ကောမန့်တွေမှာ ပြန်ပြောထားပါတယ်။

ဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ ပညာရေးကို ထူးချွန်အောင် ကြိုးစားနိုင်တဲ့ ယွန်းယွန်းက ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

play

 

သရုပ်ဆောင်ယွန်းယွန်းဟာ  လက်ရှိမှာ ရန်ကုန်တက္ကသိုလ်တွင် စိတ်ပညာအထူးပြုနဲ့ ဒုတိယနှစ်ကို တက်ရောက်ပညာသင်ယူနေသူလည်း ဖြစ်ပြီးတော့ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် စိတ်ပညာဌာနရဲ့ ပထမနှစ်သင်တန်းမှာ ပညာရည်ချွန် ဒုတိယဆုရရှိခဲ့ပါသေးတယ်။

ယွန်းယွန်းကတော့ လက်ရှိမှာ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပြီး ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Photo : ယွန်းယွန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD