AD
AD
AD
play

 

သရုပ်ဆောင် လိုင်လာခမ်းက အကယ်ဒမီပေးပွဲရှိလာသို့ သွားနေပါပြီ။ အကယ်ဒမီပွဲတက်ဖက်ရှင်အလန်းစားနဲ့ အကယ်ဒမီပေးပွဲသို့ တက်ရောက်နေတဲ့ လိုင်လာခမ်းက ပရိသတ်ပေးတဲ့ အကယ်ဒမီဆုကြောင့် ဂုဏ်ယူကျေနပ်မိတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

play

 

"အခုလိုအားပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ် လိုင်လာ အကယ်ဒမီဆုကို ရခဲ့သည်ရှိသော် မရခဲ့သည်ရှိသော် ပရိတ်သတ်ကြီးပေးတဲ့အကယ်ဒမီဆုကိုရခဲ့ပြီးပြီဖြစ်လို့ ဂုဏ်ယူကျေနပ်မိပါတယ် မျှော်လင့်ချက်ဆိုတာ ခံစားရတတ်တဲ့အရာမို့ လိုင်လာ လုံးဝမမျှော်လင့်ထားပါဘူး ပရိတ်သတ်ကြီးရဲ့အားပေးမှုနဲ့အချစ်တွေကြောင့် လိုင်လာ ခြေလှမ်းဆက်လှမ်းမှာမို့ အဲ့မေတ္တာနဲ့အချစ်တွေကို မရပ်ဆဲစေချင်ပါဘူးနော် with loads of love " ဆိုပြီး ပြောထားပါတယ်။

play

 

လိုင်လာခမ်းကို "စိန်ဌေး" ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးထားတဲ့ ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကယ်ဒမီရမယ်ဆိုပြီး ပရိသတ်တွေက ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

မြန်မာပြည်ဖွား ဘောလိဝုဒ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ လိုင်လာခမ်းဟာ ကမ္ဘာကျော် ဇာတ်ကားတွေသာမက မြန်မာဇာတ်ကားတွေကို ရိုက်ကူးလာတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး မြန်မာပရိသတ်တွေကိုတော့ တိုက်ဆိုင် မှုရှိရင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ စတင်ထိတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

Photo : လိုင်လာခမ်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD