AD
AD
AD

၂၀၁၇ခုနှစ်အတွက်  ကျင်းပပြုလုပ်တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုကို အိုဝေမှ ထာဝရအမေရုပ်ရှင်ဇာတ်ကားနဲ့ ရရှိသွားခဲ့ပါပြီ။ယင်းဆုကို အကယ်ဒမီ ၆ ဆုရှင် ဦးဇော်မင်း ဟန်သာမြေက ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးပုံဖော်ထားတဲ့ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးမှာ တည်းဖြတ်ပညာများနဲ့ အကောင်းဆုံး တည်းဖြတ်နိုင်ခဲ့တာကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ယခုဆိုရင် အကယ်ဒမီပေးပွဲမှာ ဆုသုံးဆုပေးအပ်ပြီး အချိန်မှာ အသံဆုနဲ့ တည်းဖြတ်ဆု နှစ်ဆုစလုံးဟာ ထာဝရအမေဇာတ်ကားနဲ့ ရရှိနေတာဖြစ်ပါတယ်။

play

 

တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ်  ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ  အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး  ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD