AD
AD
AD
play

 

၂၀၁၇ ခုနှစ်အတွက်  ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို  နေခြည်မှာရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကားက ရရှိခဲ့ပါတယ်။

ဒီဇာတ်ကားဆုကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဆုဖွင့်ဖောက်ကြေညာပေးပြီး ဆုချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ။်

play

 

ဒီဇာတ်ကားကို  မင်္ဂလာဇော်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တာဖြစ်ပြီး လယ်တွင်းသားစောချစ်ရဲ့ဝတ္ထုကို ဒါရိုက်တာဇော်မြင့်ဦးက ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ကျောင်းဆရာတစ်ယောက်ရဲ့ တပည့်တွေပေါ်အနစ်နှာခံမှုတွေ၊ မြန်မာနိုင်ငံပညာရေးစနစ်အတွက် ဆရာကောင်းတွေထပ်ပြီး ပေါ်ထွက်လာစေဖို့နဲ့ မြန်မာ့ရိုးရာတောဓလေ့ ယှဉ်ကျေးမှုတွေ အလှအပတွေ၊ ပရိတ်သတ်တွေအတွက် အသိပညာပေးတွေ ပါဝင်ခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ကျော်ထက်အောင်၊ အေးမြတ်သူ၊ ကျော်ကျော်၊ နန်းမြတ်ဖြိုးသင်း၊ ချမ်းမေမြတ်နိုး ဇော်ဦး၊ ဇင်ဝိုင်း၊ ထူးသာ၊ ညီကျော်၊ ခင်မို့မို့အေးနဲ့ သရုပ်ဆောင်များစွာပါဝင်ခဲ့တာ ဖြစ်ပါတယ်။

play

 

တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီရွှေစင်ရုပ်တုနဲ့ ငွေသားဆုတွေချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ပြီးခဲ့တဲ့နှစ်တွေမှာ ရွှေသားစစ်စစ်  ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီးဖြစ်နေပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီ (၆)ဆု ရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅) ဆုစီ ရရှိထားကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD