AD
AD
AD

၂၀၁၇ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို အမှောင်တွေရွာချတဲ့ မိုးတိမ် ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိသွားခဲ့ပါတယ်။

ပရိသတ်တွေရစေချင်တဲ့ အကယ်ဒမီဆုကြီးကို မြင့်မြတ်က ပိုင်ဆိုင်သွားနိုင်ခဲ့ပါပြီ။ ဒီဆုကို သရုပ်ဆောင် အကယ်ဒမီနေအောင်က ဖွင့်ဖောက်ကြေညာပေးခဲ့တာဖြစ်ပြီး  ဆုချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

မြင့်မြတ်က သူ့ရဲ့ပရိသတ်တွေ ဖြစ်စေချင်တဲ့ အကယ်ဒမီမြင့်မြတ်ဖြစ်ပါပြီဆိုတဲ့ စကားလေးကိုလည်း ဆုယူရင်းနဲ့ ပြောပြသွားခဲ့ပါတယ်။ "အမှောင်တွေရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က ရိုက်ကူးထားတာဖြစ်ပြီး နေတိုး၊ မြင့်မြတ်၊ ဝတ်မှုံရွှေရည်တို့က အဓိကပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

play

မြင့်မြတ်(Myint Myat)က ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး ဒရာမာကားတွေနဲ့ ပရိသတ်များအားပေးမှု ရရှိထားသူ တစ်ဦးဖြစ်သလို ဟာသဇာတ်ရုပ်တွေမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူဖြစ်ပါတယ်။ အခုနောက်ပိုင်းလည်း အက်ရှင်ဇာတ်ကားတွေ နဲ့လည်း ပရိသတ်ရရှိထားပြန်ပါတယ်။ 

play

 

မြင့်မြတ်ကတော့ ဖေဖော်ဝါရီ(၁၅)ရက်နေ့က အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး မခင်သူအောင်နဲ့ ချစ်သူသက်တမ်း (၅)နှစ်ကျော် ကာလမှာ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဇနီးဖြစ်သူမှာ ရင်သွေးလေးလည်း လွယ်ထားနေရပြီး ရင်သွေးလေးက သားလေးဖြစ်တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD