AD
AD
AD
play


၂၀၁၇ ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို မတ်လ(၂၃)ရက်နေ့ ညနေ(၃)နာရီကစလို့ မင်းဓမ္မလမ်းပေါ်ရှိ Myanmar Event Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်မှာ ပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာတော့ အကယ်ဒမီဆု (၁၁)ဆု ပေးအပ်ခဲ့ပြီး တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုကိုလည်း ပေးအပ်ခဲ့ပါသေးတယ်။ တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုကို စည်သူဘိုကလေးတင့်အောင်က ရရှိခဲ့တာ ဖြစ်ပါတယ်။

play


ယခုနှစ် ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲကြီးဟာ မြန်မာ့ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းရဲ့ ဒုတိယအကြိမ် ပြန်လည်ထမ်းထောင်တဲ့ ဥက္ကဌ သက်တမ်းမှာ ပထမဆုံး ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ယနေ့ပွဲကိုတော့ ထူးထူးခြားခြားအနေနဲ့ မြန်မာ့နိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းဆုကြည် တက်ရောက်ခဲ့သလို မိန့်ခွန်းလည်း ပြောကြားခဲ့ပါတယ်။

play


အဲ့ဒီထဲမှ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားတဲ့ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးဟာ အကယ်ဒမီဆုကြီး သုံးဆုကို ပိုင်ဆိုင်နိုင်ခဲ့တာပါ။ယနေ့ကျင်းပတဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မြန်မာ့ရုပ်ရှင်လောကသား တော်တော်များများတက်ရောက်အားပေးခဲ့ကြပါတယ်။

play


တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ်  ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

Postby

 

ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ  အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး  ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ

၁။ တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု - စည်သူဘိုကလေးတင့်အောင်

၂။ အကောင်းဆုံးဇာတ်ကားဆု - နေခြည်မှာရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကား

၃။ အကောင်းဆုံး ဒါရိုက်တာဆု - စင်ရော်မောင်မောင် (ထာဝရအမေ ဇာတ်ကား)

၎။ အကောင်းဆုံး ဇာတ်ညွှန်းဆု - ဝိုင်း (ရင်ဘတ်ထဲကဓား ဇာတ်ကား)

၅။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု - နေတိုး (တာတေကြီး ဇာတ်ကား)

၆။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု - အိန္ဒြာကျော်ဇင် (ရင်ဘတ်ထဲကဓား ဇာတ်ကား)

၇။ အကောင်းးဆုံး အမျိုးသားဇာတ်ပို့ဆု - မြင့်မြတ် (အမှောင်တွေရွာချတဲ့မိုးတိမ် ဇာတ်ကား)

၈။ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု - ပိုင်ဖြိုးသု (ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ဇာတ်ကား)

၉။ အကောင်းဆုံး ရုပ်ရှင်အသံဆု - သိန်းအောင် (ထာဝရအမေ ဇာတ်ကား)

၁၀။ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု - အိုဝင် (ထာဝရအမေ ဇာတ်ကား)

၁၁။ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု - ကျောက်ဖြူ (ပဒေသာ)၊ ကိုနေဝင်း (ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ဇာတ်ကား)

၁၂။ အကောင်းဆုံး နောက်ခံတေးဂီတဆု - စန္ဒယားတင်ဝင်းလှိုင် (ကွမ်းလုံရက် ၄၀ ဇာတ်ကား)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD