AD
AD
AD
play

 

ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို  ဆွတ်ခူးနိုင်ခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က မတ်လ(၂၃)ရက်နေ့က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ ပြောခဲ့တဲ့ စကားကို ပြန်ဖြေရှင်းလိုက်ပါတယ်။

အကယ်ဒမီစင်မြင့်ထက်မှာ "ကျွန်တော်တောသားပါ" ဆိုတဲ့ စကားဟာ  ပရိသတ်တွေကြားထဲ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တော်တော့်ကို ဝေဖန်ခံနေရတဲ့ စကားတစ်ခွန်းလည်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး စင်ရော်မောင်မောင်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ယခုလို ရေးသားပြောပြထားပါတယ်။

play

 

"ပရိသတ်​ကြီး ခင်​ဗျား

ကျွန်​​တော်​ အကယ်​ဒမီစင်​မြင့်​​ပေါ်မှာ ​ပြောတဲ့စကားက ဟိုး​ရှေး​ခေတ်​က ဒါရိုက်​တာကြီးများက စပြီး ဒီဘက်​​​ခေတ်​ ဒါရိုက်​ကြီးများမှသည်​ မြန်​မာပြည်​မှာပဲ ​နေပြီး ​ခေတ်​​တွေ စနစ်​​တွေ​အောက်​မှာ ကြိုးစားခဲ့ကြတာကို ​ပြောတာပါ ခင်​ဗျား ။ကျွန်​​တော်​လည်း အဲ့ဒီ ဘဝကို ဖြတ်​သန်းလာခဲ့သူ တစ်​​ယောက်​ပါ။ဌင်းအပြင်​ ယ​နေ့ တတ်​လာတဲ့ လူငယ်​ ဒါရိုက်​တာ​တွေကို ကျွန်​​တော်​ ကြိုဆိုခဲ့ပါတယ်​။ထူးပိုင်​​ဇော်​ဦး၊ ဇဏ်ခီတို့ ဇနီး​မောင်​နှံ၊ ​အောင်​မြတ်​၊ ဝင်းလွင်​ထက်​ အစရှိသည်​ တို့ကို ကျွန်​​တော်​ ကြိုဆိုခဲ့ပါတယ်​။ သို့​သော်​ လွန်​ခဲ့​သော ၁၄နှစ်​ ၁၅ နှစ်​ခန့်​က ဇာတ်​ကားများကို မကြည့်​ခဲ့ရ​သော လူငယ်​များက fb ​ပေါ်မှာ ဝိုင်းဝန်း ဆဲဆို ​ရေးသား​နေသည့်​ အတွက်​ အထူး စိတ်​မ​ကောင်း ဖြစ်​ရပါတယ်​။ ကျွန်​​တော်​ ​ပြောချင်​တာက ဝါရင့်​တဲ့သူ​တွေကို ကျွန်​​တော်​တို့ အငယ်​​တွေ ​လေးစားခဲ့သလို ကျွန်​​တော်​တို့ ဝါရင့်​တဲ့ လူကြီးဘဝမှာ လူငယ်​​တွေကို လက်​ကမ်းပြီး တစ်​​ယောက်​နဲ့ တစ်​​ယောက်​ အဖြူ​ရောင်​ ဆက်​ဆံ​ရေးကို ​ပြောတာပါ။ ဒါကို နားလည်​ သ​ဘော​ပေါက်​ ခွင့်​လွှတ်​နိုင်​ပါ​စေ။

ခင်​မင်​​လေးစားလျက်​စင်​​ရော်​​မောင်​​မောင်" ဆိုပြီး ပြောပြထားတာပါ။

play

 

စင်ရော်မောင်မောင်တင်ထားတဲ့ ပို့စ်အောက်မှာ ပရိသတ်တွေက ကျွန်တော်တောသားပါဆိုတဲ့ စကားကြောင့် စိတ်မကောင်းဖြစ်နေကြသလို အဲ့စကား ကြားလိုက်တဲ့ အချိန်မှာ အကယ်ဒမီဆုရလို့ ဝမ်းသားပေးနေတဲ့ ဝမ်းသားမှုတွေတောင် ပျောက်ဆုံးကုန်တယ်ဆိုပြီး ကောမန့်တွေ ရေးသားထားတာ  တွေ့ရပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး "မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ စင်ရောက်မောင်မောင်က ၁၉၉၄ ခုနှစ်မှာ "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ "လျှို့ဝှက်သောနှင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြားတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု ရရှိခဲ့ပါတယ်။ ဒါကြောင့် အခု ဒါရိုက်တာဆုနဲ့ဆိုရင် စင်ရော်မောင်မောင်ဟာ ဒါရိုက်တာဆု ၃ ဆု၊ ဇာတ်ကားဆု ၃ ဆု၊ စုစုပေါင်း အကယ်ဒမီဆု ၆ ဆု ပိုင်ဆိုင်ထားပါပြီ။

Photo : စင်ရော်မောင်မောင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD