AD
AD
AD
play

 

ရုပ်ရှင်မင်းသားဘဝကနေ ပရဟိတသမားကြီးဖြစ်လာကာ လူတိုင်း ချစ်ခင်လေးစားရတဲ့ ဦးကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ စာသားလေး တချို့ကို ရေးခဲ့ပါတယ်။

အဲ့ဒီစာသားလေးက မင်းတို့ငါတို့လည်း မျိုးဆက်သစ်ကနေ လူဖြစ်လာတယ်ဆိုတာကို မမေ့ဖို့ ပြောလိုက်တာ ဖြစ်ပါတယ်။

play

 

"ပညာတတ်လောက ၊ စီးပွားရေးလောက ၊အနုပညာလောက ၊ နိုင်ငံရေးလောက ဘယ်လောကဘဲဖြစ်ဖြစ် ကိုယ့်ရဲ့လောကထဲကို ခြေစမ်းပြီးဝင်လာတဲ့ မျိုးဆက်သစ်တွေကို ဂျေဝင်ပြီးအပုတ်ချမယ်၊တွန်းထုတ်မယ်ဆိုရင်တော့ မင်းတို့ရဲ့ဖရိုဖရဲဖြစ်နေတဲ့ လောကကို မြေမြှုတ် မီးသင်္ဂြိုလ်ပြစ်ဖို့သာ အသင့်လုပ်ထားတော့ ဟေ့! မင်းတို့၊ငါတို့လည်း မျိုးဆက်သစ်ကနေ လူဖြစ်လာကြတယ်ဆိုတာ မမေ့နဲ့!  (ကျော်သူ)" ဆိုပြီးတော့ ပြောထားတာ ဖြစ်ပါတယ်။ 

play

 

အဲ့ဒီစာသားလေးတွေနဲ့အတူ မျိုးစက်သစ်လူငယ်လေးတွေနဲ့ သူနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ဦးကျော်သူဟာ လက်ရှိမှာ ပုဂံမြို့သူ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

play

 

ကျာ်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ်မှာတော့ အကောင်းဆုံးဒါရိုက်တာကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

၂၀၀၇ခုနှစ်နောက်ပိုင်းတွင် အနုပညာအလုပ်တွေရပ်နားခဲ့ပြီးနောက်ပိုင်းမှာ ပရဟိတသမားကြီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲနေရာတစ်နေရာယူထားနိုင်သူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ယခုအစိုးရသစ်လက်ထပ်မှ စတင်ကာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာသူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD