AD
AD
AD

အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနား ပြီးသွားခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့တဲ့ Group Chat Screen shot ကိစ္စတွေနဲ့ ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဒီနေ့(မတ်လ၂၆ရက်)က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။

Group Chat ကိစ္စ မှာ လည်း ကိုယ်တိုင်ပါဝင်ထားတာ ဖြစ်တဲ့အတွက် ယခုလို ပွင့်ပွင့်လင်းလင်းနဲ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခြင်းဖြစ်တယ်လို့က ဇင်ဝိုင်းက ပြောပါတယ်။

play

 

Group chat နဲ့ ပတ်သက်ပြီး တစ်ဖက်သောသူများ ထိခိုက်သွားခဲ့ရင်တော့ အားလုံးရဲ့ ကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။

"ကျွန်တော်ပြောချင်တာကတော့ ဒီဂရုဟာ အစကတည်းက ရှိနေတာပါ။ ကျွန်တော်တို့ လောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သရုပ်ဆောင်တွေကို သတင်းစားပါးတဲ့နေရာမှာ  ကျွန်တော်ကိုယ်တိုင်လည်း သုံးခဲ့တယ်။ အလုပ်နဲ့ ပတ်သက်တာတွေပဲ ကျွန်တော်တို့ သုံးခဲ့ပါတယ်။ သို့သော် ဒီလိုကိစ္စလိုမျိုး သွေးဆူစရာတွေဖြစ်ရင်လည်း ကျွန်တော့်လောကသားထဲက ကလေး တွေကို ထိန်းသိမ်းခဲ့တယ်။ ကလေးများဟာလည်း နားထောင်ခဲ့ကြတယ်။ အခုဒီကိစ္စဖြစ်စဉ်ကာလ အကယ်ဒမီပေးပွဲပြီးတဲ့ ညမှာ ပြင်ပကနေ သွေးဆူစေနိုင်ဖွယ်ဖြစ်တဲ့ Screen Shot တွေ သုံးလေးခုပို့ခဲ့ပါတယ်။ ပို့လာပြီးတော့ သွေးဆူအောာင် သတင်းစကားတွေ ပြောဆိုကြတယ်။ ကျွန်တော်ထိန်းသိမ်းတယ်။ သင်တန်းတွေလုပ်ပေးမယ်လို့ ပြောတယ် ။ ဒီကိစ္စဟာ ပြီးသွားတယ်။ ပြီးတော့ ပေါက်ကြားသွားခဲ့တယ်။

ပေါက်ကြားသွားတဲ့  နေရာမှာလည်း အတွင်းစည်းမှာ ပြောနေတာကို ပေါက်ကြားသွားတယ်။ ပေါက်ကြားသွားတဲ့အခါမှာ ခုနက သွေးဆူအောင် သတင်းစကားတွေ ပို့လာတဲ့ ပုဂ္ဂိုလ်တွေမပါတော့ဘူး။ ဒီ၁၁ယောက်ဆိုတဲ့ လူတွေကိုပဲ စုပြီး ပြောသလို ဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ ပေါက်ကြားအောင် လုပ်တဲ့သူကိုတော့ အရေးယူမှာတော့မဟုတ်ပါဘူး။ နောက်တစ်ခုက ဒီလိုပေါက်ကြားသွားတဲ့အတွက်  တစ်ဖက်သော ပုဂ္ဂိုလ်များ ထိခိုက်သွားခဲ့တယ်ဆိုရင် အားလုံးကိုယ်စား ကျွန်တော်ကိုယ်တိုင် တောင်းပန်ပါတယ်လို့ "သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

play

အဲ့ဒီ Group ထဲမှာ အနုပညာလောကသား အယောက် ၁၅၀ကျော်လောက်ရှိနေတာဖြစ်ပြီး နာမည်ကျော် သရုပ်ဆောင်များ သာမက ဗီဒီယိုသရုပ်ဆောင်တွေအထိ ပါဝင်ကြတယ်လို့ သိရပါတယ်။

ဇင်ဝိုင်းအနေနဲ့ ယခုလို ပြန်လည်ဖြေရှင်းလိုက်ခြင်းဟာ လောကအကျိုးအတွက် အမှုဆောင်အဖွဲ့ကို ဦးဆောင်ပြီး လုပ်နေသူတစ်ယောက်ဖြစ်ပြီးယခုလို ပွင့်ပွင့်လင်းလင်း မရှင်းပြဘူးဆိုရင် နောက်လုပ်မယ့် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက် ရေးတွေမှာ အဟန့်အတားဖြစ်နိုင်တာကြောင့်ဖြေရှင်းတာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

play

 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းဥက္ကဌ ဦးဇင်ဝိုင်းက ဧပြီလဆန်းပိုင်းလောက်မှာလည်း မျိုးဆက်သစ်အနုပညာရှင်များနဲ့ တွေ့ဆုံဖို့စီစဉ်မှာဖြစ်ပြီး တွေ့ဆုံပြီးချိန်မှာလည်း ပူးတွဲအလုပ်လုပ်နိုင်ဖို့ ထပ်ပြီး ကြိုးစားသွားပါ့မယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD