AD
AD
AD
play

 

အသက်တွေ ကြီးလာပေမယ့် မပျက်စီးသွားတဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ လူမင်းတို့ဇနီးမောင်နှံတို့ဟာ အိမ်ထောင် သက် (၁၄)နှစ် ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ၁၄နှစ်တာ အိမ်ထောင်သက်ကို ပိုင်ဆိုင်ထားတဲ့ လူမင်းတို့ဇနီးမောင်နှံဟာ ရှေ့သွားနောက်လိုက်ညီလွန်းတဲ့အတွဲဖြစ်ပါတယ်။

play

 

လူမင်းနဲ့ ခင်စံပယ်ဦးဟာ ၂၀၀၄ခုနှစ် မတ်လ(၂၆) ရက်နေ့မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လ(၂၆) ရက်နေ့က အိမ်ထောင်သက် (၁၄)နှစ်ပြည့်ခဲ့တာပါ။ အခုဆိုရင် သမီးတစ်ယောက်နဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

လူမင်းရဲ့ ဝါသနာပါရာ အနုပညာအလုပ်ကို ဘေးကနေ ဇနီးကောင်းပီပီပါရမီ ဖြည့်ပေးနေတဲ့ ခင်စံပယ်ဦးက မိန်းကလေး ပရိသတ်တွေ အားကျရတဲ့ သူလည်း ဖြစ်ပါတယ်။

play

 

အိမ်ထောင်သက်(၁၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ သူတို့နှစ်ဦးအတွက်ကိုလည်း ပရိသတ်တွေ မိတ်ဆွေအပေါင်းအသင်းတွေက ဖေ့စ်ဘွတ်ပေါ်မှာ ဆုမွန်ကောင်းတွေ ချွေပေးထားကြပါသေးတယ်။ အိမ်ထောင်သက်(၁၄)နှစ်ပြည့်လေးမှာ လူမင်းရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ အလှဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

play

လူမင်းဟာ၂၀၁၃ဇွန်လကစတင်ကာ ၂၀၁၇ခုနှစ်အထိ ဥက္ကဌသက်တမ်း နှစ်ဆက်ပေါင်း လေးနှစ်ကျော် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

သူဥက္ကဌရာထူးကို ထမ်းဆောင်ခဲ့စဉ်မှာလည်း ရုပ်ရှင်လောကအတွင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုတွေဖြစ်ခဲ့ရပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။

Photo : လူမင်း FB၊ Bella

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD