AD
AD
AD
play

 

သရုပ်ဆောင် ယုသန္တာတင်က သူမဖေ့စ်ဘွတ်အကောင့်ကို ဟက်နေတဲ့ ဟက်ကာတွေကို အကြွေးပါ တစ်ခါထဲ ဆပ်ပေးဖို့ ပြောလိုက်ပါတယ်။

တစ်မနက်ခင်းလုံး သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဟက်နေတာ ဘာများသိချင်လို့လဲတဲ့။ သူမက social network ကြီးမလုံခြုံမှန်းသိလို့ ဘာမှမထားဘူးဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"တစ်မနက်လုံး အကောင့် ကို hack နေတယ် ကွယ် ဘာများသိချင်လို့လဲ ဘာမှတော့အကောင့်ထဲမရှိပါဘူး မရှိဘူးဆိုတာထက် social network ကြီးမလုံခြုံမှန်းသိလို့ ဘာမှမထားတာ အကောင့်ယူသွားရင်တော့ အထဲမှာ online shopping တွေက ဈေးဝယ်ထားတာတွေပဲရှိတယ်

ယူသွားရင်တော့ကြွေးတွေပါတစ်ခါထဲဆပ်ပေးရမယ်နော် "ဆိုပြီး ပြောထားပါတယ်။

play

 

သူမရဲ့ သူငယ်ချင်းတွေက ခရီးတွေ သွားလွန်းလို့ ဖေ့စ်ဘွတ်အကောင့်ဟက်တာလားဆိုပြီး စနောက်ထားပါသေးတယ်။ ယုသန္တာတင်ဟာ ခရီးသွားရတာကို တော်တော်ဝါသနာပါသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးလိုက် ခရီးသွားလိုက်နဲ့ သူ့ရဲ့ ဘဝလေးဟာ ပျော်စရာကောင်းလှပါတယ်။

play

 

သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း သူမရဲ့ခံစားချက်တွေထက် ခရီးသွားတဲ့ပုံလေးတွေ ရိုက်ကွင်းပုံလေးတွေကိုသာ တင်ဖြစ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

"ခရီးသွားတဲ့အခါကျရင် ကိုယ်မရောက်ဖူးသေးတဲ့ နေရာဒေသကျရင် အဲ့ဒီနေရာရဲ့ လှတဲ့ရှုခင်းလေးတွေ ကိုယ်မစားဖူးတဲ့ အစား အစာလေးတွေ မြည်းစမ်းရတာ သဘောကျပါတယ်။ အဓိကအားဖြင့်တော့ သူတို့ရဲ့ ရှုခင်းတွေ၊တစ် နေရာသွားလို့ ရှိရင် သူတို့ဆီမှာ ထင်ရှားတဲ့အထိမ်းအမှတ်နေရာတွေကို သွားဖြစ်တယ်။ နေရာတစ်ခုသွားမယ်ဆိုရင် ဒီဒေသက ဘယ်လိုအစားအစာထင်ရှားလဲပေါ့ အဲ့ဒါလေးတွေကိုလိုက်ပြီးကြည့်ဖြစ်တယ်။နိုင်ငံတစ်နိုင်ငံကို သွားမယ်ဆိုရင်တော့ အမှတ်တရတွေက အများကြီးပါပဲ။ ကိုယ်မရောက် ဖူးသေးတဲ့နေရာတွေကို သွားရတာဖြစ်တဲ့အတွက် နေရာတိုင်းကတော့ အမှတ်တရတွေချည်းပါပဲ'' လို့ သူမက ယခင်က Duwun Media ကို ခရီးသွားခြင်း နဲ့ ပတ်သက်ပြီး ဖြေဆိုပေးခဲ့ဖူးပါတယ်။

ယခုနောက်ပိုင်းမှာ ဇာတ်လမ်းတွေကို စီစစ်ရွေးချယ်ပြီး ရိုက်ကူးလျက်ရှိတယ်လို့လည်း သိရပါတယ်။

Photo : ယုသန္တာတင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD