AD
AD
AD
play

 

အဆိုတော် လင်းလင်းက ဇနီးသည် ချစ်သုဝေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ဒီနေ့(မတ်လ၂၇ရက်)မှာ နေပြည်တော်ကို ရုတ်တရက်ရောက်သွားခဲ့ပြီး မြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံရင်း ဓာတ်ပုံလည်း ရိုက်ကူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

"ဒီနေ့ ရုတ်တစ်ရက် နေပြည်တော် အကြောင်းကြောင်း တစ်ခုကြောင့်

ကျွန်တော့်ရဲ့ ချစ်ဇနီးထရီဇာကို အရမ်းကျေးဇူးတင်ပါတယ် :))))))

အမေကျန်းမာပါစေ ပြောကြားရင်း

နိုင်ငံတော်ကြီးနှင့်အတူ ဓာတ်ပုံရိုက်" ဆိုပြီး ရေးသားထားပါတယ်။

အဲ့ဒီစာသားလေးနဲ့အတူ အမေစုနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုပါ တင်ထားတာ တွေ့ရပါတယ်။

play

 

လင်းလင်းနဲ့ ချစ်သုဝေဟာ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရနေတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့မင်္ဂလာသက်တမ်းက ၄ နှစ်ရှိပြီဖြစ်ပြီးချစ်စဖွယ် အမြွှာသမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားကြပါပြီ။

play

 

မေမြန်မာသစ်နဲ့ မေမြန်မာခေတ်ဆိုတဲ့ ချစ်စရာအရမ်းကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို မေမေချစ်သုဝေက ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရမ်းချော၊ အရမ်းချစ်စရာကောင်းတဲ့ သူတို့လေး ၂ ယောက်ဟာ ပရိသတ်အချစ်တော် ကလေးလေးတွေလည်း ဖြစ်ကြပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Photo : လင်းလင်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD