AD
AD
AD
play

 

မတ်လ(၂၇)ရက်နေ့က ကျင်းပပြုလုပ်တဲ့ မိုးကုတ်နှစ်(၈၀၀)ပြည့်ပွဲကို သရုပ်ဆောင် ထက်ထက်မိုးဦး ဆရာလေး ဒေါ်နန္ဒမာလာက သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်နှစ်၈၀၀ပွဲကို အမီပြန်လာခဲ့ပေးတဲ့ ဆရာလေးကို အရမ်းချစ်တယ်ဆိုပြီး အဆိုတော် N ကိုင်ရာက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

ဆရာလေးနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကိုလည်း Nကိုင်ရာက သူ့မရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။ သရုပ်ဆောင် ထက်ထက်မိုးဦး(ခ)ဆရာလေးဒေါ်နန္ဒမာလာဟာ မိုးကုတ်သူတစ်ယောက် ဖြစ်ပါတယ်။

ဆရာလေး ဒေါ်နန္ဒမာလာဟာ တစ်ခေတ်တစ်ခါက ကြော်ငြာဘုရင်မအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားနိုင်ခဲ့ သူလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ သာသနာ့ဘောင်ထဲမှာ အေးချမ်းသာ ယာတဲ့ ဘဝလေးကို တည်ဆောက်လျက် ရှိပါတယ်။

play

 

မိုးကုတ်နှစ်၈၀၀ ပွဲမှာ မိုးကုတ်သူတွေဖြစ်ကြတဲ့ အနုပညာရှင်များ မေခလာ၊ထွန်းအိန္ဒြာဗိုလ်၊ ခင်လေးနွယ်၊ ရီဝေယံတို့အပြင် အခြားသောအနုပညာရှင်များ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Photo : Nကိုင်ရာ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD