AD
AD
AD
play

 

ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့၂၀၁၈ ခုနှစ်အတွင်း အသက် ၃၀ အောက် အာရှထူးချွန်လူငယ် ၃၀ (30 under 30 Asia 2018) Entertainment & Sports ကဏ္ဍအောက်မှာ မြန်မာနိုင်ငံရဲ့အဆိုတော် အမွန်းဟာ ကမ္ဘာကျော် Kpop အဖွဲ့ဖြစ်တဲ့ BTS နဲ့အတူတူ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

"ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ဒီနေ့မှာ အာရှတခွင်မှ "အသက်သုံးဆယ်အောက်ရဲ့ အယောက်သုံးဆယ်" ဆိုတဲ့ စာရင်းထဲမှာ အမွန်းကိုထည့်သွင်းရွေးချယ်ခဲ့တဲ့အကြောင်း သတင်းပေးအကြောင်းကြားခြင်း ခံခဲ့ရပါတယ်။ BTS ( Kpop Band ) အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံရဲ့ အနုပညာရှင်များ, စီးပွားရေးပညာရှင်များ, အားကစားသမားများ အစရှိတဲ့ နယ်ပယ်အသီးသီးမှ ထူးချွန်လူငယ်အယောက် ၂၀၀၀ ကျော်ထဲမှ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အမွန်းကို ယုံကြည်ချစ်ခင် အားပေးခဲ့တဲ့ အားပေးနေတဲ့ပရိတ်သတ်ကြယ်ပွင့် တစ်ယောက်ချင်းစီကို ရင်ထဲကနေထာဝရကျေးဇူးတင်ပါတယ်" လို့ အမွန်းက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

play

၂၀၁၆ ခုနှစ်က စတင်ခဲ့တဲ့ အသက် ၃၀ အောက် အာရှထူးချွန်လူငယ် ၃၀ (30 under 30 Asia)  စာရင်းမှာ နယ်ပယ် ၁၀ ခုမှ  လူငယ် ၃၀ စီ စုစုပေါင်း ၃၀၀ ဦး ရွေးချယ်တာ ဖြစ်ပါတယ်။  ၂၀၁၈ ခုနှစ်အတွက် အသက် ၃၀ အောက် အာရှ ထူးချွန်လူငယ် ၃၀ မှာ မြန်မာနိုင်ငံမှ အမွန်းအပါအဝင် အမျိုးသမီး  ၃ ဦး ရွေးချယ်ခံခဲ့ရတာပါ။  နောက်နှစ်ဦးဖြစ်တဲ့ မဟန်နီမြဝင်းနဲ့ မရွှေရည်မြ​ဝင်းတို့ ညီအစ်မက Technoholic အမည်နဲ့ Consumer Technology ကဏ္ဍ ထူးချွန်လူငယ် အယောက် ၃၀ ထဲမှာ ပူးတွဲပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကျော် အမေရိကန်မဂ္ဂဇင်းဖြစ်တဲ့ Forbes မဂ္ဂဇင်း&ရဲ့ အသက် ၃၀ အောက် အာရှထူးချွန်လူငယ် ၃၀ (30 under 30 Asia) မှာ ၂၀၁၆ ခုနှစ်က Rangoon Tea House တည်ထောင်သူ ကိုထက်မြက်ဦး၊ ၂၀၁၇ ခုနှစ်က Amara Digital Marketing အေဂျင်စီ တည်ထောင်သူ မချမ်းမြေ့ခိုင်တို့လည်း ရွေးချယ်ခံခဲ့ရဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD