AD
AD
AD
play

 

ဂီတလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်က လက်ရှိမှာ ဘန်ကောက်ဆေးရုံတွင် ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

စိုင်းဆိုင်မောဝ်ရဲ့ ဖေ့စ်ဘွတ်ကောင့်မှာ "ချယ်ရီတွေငိုနေပြီ"ဆိုတဲ့ စာသားနဲ့တူ ဆေးရုံတက်နေတဲ့ ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။

play

 

အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ဟာ ကျာက်ကပ်ရောဂါခံစားနေရတဲ့အပြင် လေဖြန်းပြီး ချော်လဲရာက ခေါင်းနဲနဲထိသွား တာကြောင့် အာရုံကြောလည်း နဲနဲ ထိသွားခဲ့တယ်လို့ သိရပါတယ်။

စိုင်းဆိုင်မောဝ်ဟာ လက်ရှိမှာ အသက်ခုနှယ်ဆယ်ကျော်ထဲ ရောက်ရှိနေပြီဖြစ်တယ်လို့လည်း စိုင်းဆိုင်မောဝ်တင်ထားတဲ့ ပို့စ်တစ်ခုအရ သိရပါတယ်။

play

 

စိုင်းဆိုင်မောဝ်အနေနဲ့ ဆေးရုံမတက်ခင်ဆက်ကြားမှာလည်း ပရိသတ်များနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်က တစ်ဆင့်စကား တွေ အပြန်အလှန်ပြောဖြစ်နေသူလည်း ဖြစ်ပါတယ်။ သူနဲ့နာမည်တူ အကောင့်အတုတွေ အများကြီးရှိတာကြောင့် သူသုံးနေတဲ့ အကောင့်ကနေ ပရိသတ်တွေမမှားရလေအောင် သတိပေးခဲ့ပါသေးတယ်။

ယခုလက်ရှိမှာတော့ သူ့ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့အတွက် ပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်။

play

 

တချိန်က ရှမ်းပဲပုတ် လေးကျွန်တော်၊ တောင်ပြာတန်းကသိတယ်၊မူဆယ်နန့်ခမ်းလမ်း အစရှိတဲ့သီချင်းတွေသာမက အောင်မြင် ကျော်ကြားခဲ့တဲ့ အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ ယခုထက်တိုင် နေရာယူထားနေသူလည်း ဖြစ်ပါတယ်။

Photo : စိုင်းဆိုင်မောဝ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD