AD
AD
AD
play

 

အဆိုတော် သားငယ်တို့ ဇနီးမောင်နှံက ရွာပြန်ရောက်ခိုက် အေးအေးသာသာလေးရှိလှတယ်တဲ့။ မေမြို့က ၂၁မိုင်အိမ်ကို ရောက်တုန်း အကြော်လေးတွေ ကြော်ရင်းနဲ့ ပြောထားတာ ဖြစ်ပါတယ်။

play

ဘဝမေ့ရအောင် ခေါင်းကိုလည်း ဘာနဲ့မှ မထိခိုက်မိသလို မေ့ချင်တာတောင် မေ့လို့မရတဲ့ ဘဝရယ်ပါ ဆိုပြီးတော့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ပြောထားပါတယ်။
 

သားငယ်တို့ ဇနီးမောင်နှံရဲ့ တက်ညီလက်ညီ စီးပွားရှာနေတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှ ပေးလိုက်တယ်နော်။  အဆိုတော် သားငယ်ဟာ သူဝါသနာပါရာ အနုပညာအလုပ်နဲ့ ရပ်တည်နေတဲ့သူလည်း ဖြစ်ပါတယ်။

ဝါသနာပါရာ ဂီတဘက်ကို လျှောက်လှမ်းရင်းနဲ့ မူရင်းအလုပ်ဖြစ်တဲ့ အကြော်ကြော်တဲ့ အလုပ်ကိုလည်း မစွန့်လွှတ်ပဲ အားရင် အားသလို သွားရောက်လုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

play

 

သားငယ်ရဲ့ "လမ်းကလေး" လို့ နာမည်ပေးထားတဲ့ ပထမဆုံး တေးစီးရီးဟာလည်း ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။အဲ့ဒီအခွေလေးဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ အခွေရောင်းရတဲ့ ငွေတွေထဲက အမြတ်အစွန်းများကိုလည်း သားငယ်ဖောင်ဒေးရှင်းကနေတစ်ဆင့် (ABD) ပရဟိတသွေးအလှူရှင်များအသင်းကို လှူဒါန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

play

 

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

Photo : သားငယ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD