AD
AD
AD
play

 

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဧပြီ(၁) ရက်နေ့က ထွက်ရှိခဲ့တဲ့  Sai Sai is Sai Sai အခွေလက်မှတ်ရေးပွဲက သူ့ရဲ့ အနုပညာသက်တမ်း တစ်လျှောက် စံချိန်တင်ခဲ့တဲ့ လက်မှတ်ရေးထိုးပွဲဖြစ်ခဲ့ပါတယ်။

အခုလည်း စိုင်းစိုင်းက သူ့ရဲ့ အခွေသစ်ထဲက သီချင်းတွေကို မြန်မာနိုင်ငံက ပရိသတ်တွေ နားဆင်ဖို့သာမက နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာပရိသတ်တွေ နားဆင်နိုင်အောင်လို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

play

အဲ့ဒါနဲ့ ပတ်သက်လို့ စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"နိုင်ငံတကာမှာရောက်နေတဲ့ ပရိသတ်များ ခင်ဗျား Apple Music ၊ itune ၊ Spotify

Amazon စတဲ့ International App တွေမှာ နားဆင်နိုင်ဖို့ နောက်ထပ်တစ်ရက်စောင့်ပေးပါခင်ဗျ" ဆိုပြီး ပြောထားပါတယ်။

စိုင်းစိုင်းရဲ့ Sai Sai is Sai Sai တစ်ကိုယ်တော်အခွေကို ဧပြီလ(၁)ရက်နေ့က Junction Square မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ပွဲကိုလည်း ရန်ကုန်မှာပဲ ကျင်းပသွားမှာ ဖြစ်ပြီး Birthday Show ကို ဧပြီ(၁၀)ရက်နေ့ ရန်ကုန်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

play

 

စိုင်းစိုင်းခမ်းလှိုင်(Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်းများစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : Sai Sai FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD