AD
AD
AD
play

 

ဟက်ကာတွေကို အကြွေးပါ တစ်ခါထဲဆပ်ပေးဖို့ ပြောလိုက်တဲ့ ယုသန္တာတင်

သရုပ်ဆောင် ယုသန္တာတင်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဟက်နေတဲ့ ဟက်ကာတွေကိုပြောခဲ့တာ ဖြစ်ပါတယ်။ သူမကို အကောင့်ကို ဟက်ရင်တော့ အကြွေးပါ တစ်ခါထဲ ဆက်ပေးဖို့ ပြောလိုက်တာပါ။

တစ်မနက်ခင်းလုံး သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဟက်နေတာ ဘာများသိချင်လို့လဲတဲ့။ သူမက social network ကြီးမလုံခြုံမှန်းသိလို့ ဘာမှမထားဘူးဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။"တစ်မနက်လုံး အကောင့် ကို hack နေတယ် ကွယ် ဘာများသိချင်လို့လဲ ဘာမှတော့အကောင့်ထဲမရှိပါဘူး မရှိဘူးဆိုတာထက် social network ကြီး မလုံခြုံမှန်းသိလို့ ဘာမှမထားတာ အကောင့်ယူသွားရင်တော့ အထဲမှာ online shopping တွေက ဈေးဝယ်ထား တာတွေပဲရှိတယ် ယူသွားရင်တော့ကြွေးတွေပါတစ်ခါထဲဆပ်ပေးရမယ်နော် "ဆိုပြီး ပြောထားပါတယ်။

play

 

ခီဇနီးမောင်နှံရဲ့ BELLA ဗီဒီယိုဖိုင်ကိစ္စ ဖြေရှင်းလိုက်တဲ့ မိတ်ကပ် လင်းလင်း

Bella ရဲ့ အမှတ်တရ အကယ်ဒမီဗီဒီယိုဖိုင်တွေထဲကမှ သရုပ်ဆောင် ဇာဏ်ခီတို့ ဇနီးမောင်နှံရဲ့ မိတ်ကပ်လိမ်းခြယ်နေကြတဲ့ ဗီဒီယိုဖိုင်ကို Bella က ဖျက်လိုက်တဲ့အပေါ် ဇဏ်ခီတို့ ဇနီးမောင်နှံကိုယ်စား မိတ်ကပ်လင်းလင်းကနေ ပြန်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

play

 

မိုးကုတ်နှစ်(၈၀၀)ပွဲကို သွားရောက်ခဲ့တဲ့ ဆရာလေး ဒေါ်နန္ဒမာလာ

မတ်လ(၂၇)ရက်နေ့က ကျင်းပပြုလုပ်တဲ့ မိုးကုတ်နှစ်(၈၀၀)ပြည့်ပွဲကို သရုပ်ဆောင် ထက်ထက်မိုးဦး ဆရာလေး ဒေါ်နန္ဒမာလာက သွားရောက်ခဲ့တယ်လို့ သိရပါတယ်။မိုးကုတ်နှစ်၈၀၀ပွဲကို အမီပြန်လာခဲ့ပေးတဲ့ ဆရာလေးကို အရမ်းချစ်တယ်ဆိုပြီး အဆိုတော် N ကိုင်ရာက သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ဆရာလေးနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကိုလည်း Nကိုင်ရာက သူ့မရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။ သရုပ်ဆောင် ထက်ထက်မိုးဦး(ခ)ဆရာလေးဒေါ်နန္ဒမာလာဟာ မိုးကုတ်သူတစ်ယောက် ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD