AD
AD
AD
play

 

မိုးပြည့် ရုပ်ရှင်နှင့်ဗီဒိယိုထုတ်လုပ်ဖြန့်ချိရေးကို တည်ထောင်ထားပြီးတော့ ဇာတ်ကားတွေ ပြန်ရိုက်ကူးနေတဲ့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်က ဒီရက်ပိုင်းမှာ အလှူအတန်းတွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေတာ တွေ့ရပါတယ်။

ဒီနေ့(ဧပြီ ၃ရက်)မှာလည်း ဇာတ်ကားရိုက်ကူးရင်းနဲ့ ကျိုက်ထိုမြို့ခလွန်ကျေးရွာရှိနဂါးရုံ ဘုရားအုတ်မြစ်ချလှူဒါန်းခြင်းမှာလည်း ပါဝင်ခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

ထို့အပြင် ရုပ်ရှင်လောကသားများအတွက် သင်္ကြန်ကာလဆန်ဆီဆားလှူဒါန်းမှုမှာလည်း သူမအနေနဲ့ ပါဝင်ခဲ့တယ်ဆိုပြီး ပြောထားပါတယ်။

"ဒီနေ့ရှုတင်စတဲ့နေ့ပြုမိတဲ့ကုသိုလ်တွေကတော့-....ကျိုက်ထိုမြို့ခလွန်ကျေးရွာတွင်နဂါးရုံဘုရားအုတ်မြစ်ချလှုဒါန်းခြင်း,ရုပ်ရှင်လောကသားများအတွက်သင်္ကြန်ကာလဆန်ဆီဆားလှုဒါန်းရာတွင်လဲပါဝင်ခဲ့ခြင်း"ဆိုပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ တင်ထားပါတယ်။

play

 

မိုးပြည့်ပြည့်မောင်က ဧပြီ(၂)ရက်နေ့ကလည်း သူမရဲ့ ချွေးနည်းစာစစ်စစ်နဲ့ရရှိထားတဲ့ ငွေတွေနဲ့ (၇) ရက်သားသမီးများကိုယ်စား အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက်ကိုလည်း သူမအနေနနဲ့ ပီတိဖြစ်မိသလို အဲ့ဒီပီတိဟာလည်း ဘယ်အရာနဲ့မှ လဲလို့မရပါဘူးလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

မိုးပြည့်ပြည့်မောင် ယခုနောက်ပိုင်းတွင် သူမရဲ့ ထုတ်လုပ်ရေးနဲ့အတူ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဇာတ်ကားတွေရိုက်ရင်းနဲ့ ပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။

အိမ်ထောင်ပြုပြီးနောက် အနုပညာအလုပ်တွေနဲ့ ခဏတာဝေးကွာခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ ပျောက်ကွယ်မသွားခဲ့တဲ့ သူမက အခုဆိုရင် ဇာတ်ကားတွေ ဆက်တိုက်ပြန်လည်ရိုက်ကူးလာတာ ဖြစ်ပါတယ်။

Photo  : မိုးပြည့်ပြည့်မောင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD