AD
AD
AD
play

 

play

နယ်ရှိုးပွဲတွေ ဆက်တိုက်ဆိုသလို သွားနေရတဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီးစိုးက နွေရာသီ ဖက်ရှင်လေးနဲ့ လန်းလို့နေပါတယ်။ ဒီနေ့(ဧပြီ၃ရက်)မှာလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ နွေရာ သီဖက်ရှင်လေးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေး တွေ တင်ထားတာ တွေ့ရပါတယ်။
 

မိုးယွန်းကြီးအင်းသို့ အလည်တစ်ခေါက်ဆိုတဲ့ စာသားလေးနဲ့အတူ အလှဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

"မိုးယွန်းကြီးအင်းသို့အလည်​တ​ခေါက်​   မ​နေ့ညက ပဲခူးမှာ တခဲနက် ​လာ​ရောက်​အား​ပေးကြတဲ့ ပရိသတ်​တဦးချင်း ဆီကိုအထူး​ကျေးဇူးတင်​ပါတယ်။   

#Summer #Fashion" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သူမတင်ထားတဲ့ ပုံလှလှလေးတွေကိုလည်း ပရိသတ်တွေ အတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

play

 

နန်းဆုရတီစိုးဟာ ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သွားဖြစ်နေပေမယ့်လည်း သူမရဲ့ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် အမြဲတမ်း နေနေသူလည်း ဖြစ်ပါတယ်။ We Love Nansu Group ထဲမှာလည်း ပရိသတ်တွေနဲ့ အမြဲစကားပြောဖြစ်သလို သူမရဲ့ လှုပ်ရှားမှုလေးတွေကို အသိပေးလျက်ရှိပါတယ်။

play

 

နန်းဆုကတော့ လက်ရှိမှာ ဖျော်ဖြေပွဲတွေ သွားနေရပြီး သီချင်းသစ်တွေ ဖန်တီးနေတယ်လို့လည်း သိရပါတယ်။ သူမရဲ့ ရူးအောင်ချစ်ရသူ သီချင်းလေးကလည်း ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ဖြစ်လို့လည်း သူမအနေနဲ့ ဝမ်းသာလို့ နေပါတယ်။

Photo : နန်းဆုရတီစိုး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD