AD
AD
AD
play

 

သရုပ်ဆောင် ခိုင်နှင်းဝေက ဒီနေ့(ဧပြီ၎ရက်)မှာ အမျိုးတွေ ဦးဆောင်နေပြီး လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေတဲ့ မိသားစု သုံးစုအတွက် အရင်းအနှီးပြုလုပ်ပေးခဲ့ပါတယ်။ ဒီတစ်ခါအလှူက သူမနဲ့ ခိုင်နှင်းဝေ ပရဟိတအသင်း အတွက် ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ပါတယ်။

၂၀၁၈ခုနှစ် မတ်လ(၁၃) ရက်နေ့တုန်းကလည်း မွးနေ့အထိမ်းအမှတ်အဖြစ် လုပ်ကိုင်စား သောက်ဖို့ အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု သုံးစုအတွက်ကိုလည်း အရင်းအနှီးပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။

play

 

အခုလည်း သူမရဲ့ အလှူလေးနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

'ဒုတိယအကြိမ် ကျမရဲ့ အမျိုးသမီးများဦးဆောင်သော ချို့တဲ့အိမ်ထောင်စု၃စု အလှူပါရှင်...

(၁) ဒေါ်ညို--သမီးတစ်ယောက်ရှိပြီး သမီးဖြစ်သူမှာ သားသမီး ၃ ဦးရှိ၍ ဗိုက်ထဲတွင်လဲ ကိုယ်ဝန် လွယ်ထားရပြီး ယောင်္ကျားမှ စွန့်ပစ်သွားသောကြောင့် အလုပ်လုပ်ကိုင်ရန်အရင်းအနှီးမရှိ, အကြော်ကြော်ရောင်းချင်သည်ဆိုသဖြင့် အကြော်ကြော် ရောင်းရန်လိုအပ်သောပစ္စည်းများ,အိမ်သုံးပစ္စည်းများ,စားသောက်ကုန်များနဲ့ အကြော်ရောင်းရန်တွန်းလှည်း,လိုရာသုံးရန်ငွေ ၁၀၀,၀၀၀ တို့ကိုလှူဒါန်းခဲ့ပါတယ်။

(၂) ကလေး၃ယောက်နဲ့ ယောက်ကျားဆုံးသွားပြီး အကြီးဆုံးသမီးလေးနဲ့အတူ အမှိုက်လှည်းတွန်းပြီး ဝမ်းစာအတွက် ရုန်းကန်နေရတဲ့ မတင်မိုးခိုင် မိသားစုကို သူတို့လုပ်ချင်တယ်ဆိုတဲ့ ဆပ်ပြာဆီ ဖော်စပ်ရောင်းချဖို့အတွက် လိုအပ်ပစ္စည်း အားလုံးနဲ့ အတူအိမ်သုံးပစ္စည်း,စားသောက်ကုန်များ,လိုရာသုံးရန် ငွေ ၁၀၀,၀၀၀တို့ကိုလှူဒါန်းခဲ့ပါတယ်။

(၃) သက်ကြီးရွယ်အို မိဘ၂ပါးနဲ့ မျက်စိတစ်ဘက်မရှိသော သားကလေးနဲ့သမီးငယ်ကို အဝတ်လျှော်ပြီး ခက်ခဲစွာရှာဖွေ ကျွေးမွေးနေရသူက မွေးရာပါစကားမပြောနိုင်သူ မရွှေအဖြစ်ပါတယ်... သူတို့မိသားစုကိုတော့ အိမ်ရှေ့မှာ ဈေးဆိုင်လေး တည်နိုင် ဆန်,ဆီ,မီးသွေးနဲ့ အိမ်သုံးပစ္စည်းများ,စားသောက်ကုန်များနဲ့ လိုရာသုံးနိုင်ရန် အလှူငွေ ၁၀၀,၀၀၀ တို့ကိုလှူဒါန်းပေးခဲ့ပါတယ်." ဆိုပြီး ပြောပြထားပါတယ်။

play

 

အဲ့ဒီအလှူမှာ ပါဝင်ပံ့ပိုးလှူဒါန်းပေးကြတဲ့ အလှူရှင်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။ခိုင်နှင်းဝေဟာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန် အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင် ကူညီဆောင်ရွက် ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။

play

 

ပရဟိတအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့ အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ သံန္တွိဋ္ဌာန်ချထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ခိုင်နှင်းဝေ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD