AD
AD
AD
play

 

အနုပညာနဲ့ ပတ်သက်လာရင် လောဘကြီးသူတစ်ယောက်ဖြစ်တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းက ၂၀၁၈ခုနှစ်ထဲမှာ အခွေသုံး ခွေ ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအခွေတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်နေပုံတွေကိုလည်း Duwun Media ကို ယခုလို ပြောပြခဲ့ပါတယ်။

play

 

"လတ်တလောက ဝိုင်းစုရှိုးပွဲတွေ ဆက်တိုက်ဆိုဖြစ်တယ်။ မယ်သီတာအခွေကို သင်္ကြန်ပြီးတာနဲ့ MTV စရိုက်တော့မယ့်။ နောက်ထပ်အမရဲ့ Single Album ထပ်လုပ်နေတယ်။ ဝိုင်းစုက အလုပ်ကို နည်းနည်းလောဘကြီးတော့ အခွေတစ်ခွေနဲ့ တစ်ခွေကို အဆက်မပြတ်ချင်ဘူးလေ။ နောက်ထပ်လုပ်နေတာက Birthday Show ကို အခွေထုတ်ဖို့ ပြင်နေတယ်။ Birthday Show ကို မကြည့်လိုက်ရတဲ့ ပရိသတ်တွေလည်း ရှိတော့ အခွေပြန်ထုတ်ဖို့ စဉ်းစားဖြစ်သွားတာပေါ့။ သီချင်းအားလုံးကိုတော့ ထည့်သွားမှာမဟုတ်ပါဘူး။ အဲ့အခွေကိုတော့ ငါးလပိုင်းလောက် ထွက်ဖို့ မှန်းထားတယ်။

Single အခွေကိုလည်း ဒီနှစ်မကုန်ခင် ထွက်ဖို့ လုပ်ထားပါတယ်။ အဲ့အခွေထဲမှာ သီချင်းပုံစံအသစ်ကလေးတွေပါမယ်။ ဝိုင်းစုအကြောင်းကို ရေးထားတဲ့ သီချင်းလေးတွေလည်း ပါမယ်။ အဲ့ဒီသီချင်းလေးဆိုလည်း အရမ်းကောင်းတယ်။ " လို့ သူမက ပြောပြထားတာပါ။

play

 

ပရိသတ်တွေအတွက် အကောင်းဆုံးတွေ ပေးစွမ်းနိုင်ဖို့ ကြိုးစားနေတဲ့ သူမကို အားပေးနေတဲ့ ပရိသတ်ကြီးကိုလည်း သူမက အရမ်းကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့ပါသေးတယ်။ ဝိုင်းစုက လက်ရှိမှာ နယ်ရှိုးတွေ ဆက်တိုက် သွားဖြစ်နေပြီး သူမရဲ့အခွေတွေအတွက် ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဝိုင်းစုခိုင်သိန်းဟာ သရုပ်ဆောင်ဘက်မှာရော ဂီတဘက်မှာပါ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

play

 

ဝိုင်းစုရဲ့ လတ်တလော အချစ်ရေးကတော့ အေးအေးဆေးဆေး ဖြစ်နေပြီး စိတ်ချမ်းသာနေရတာကိုလည်း တွေ့ရပါတယ်။ အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးတွဲနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ၂၀၁၇ခုနှစ်ထဲမှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ငယ်ရည်စားတွေ ဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုတို့ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ကြပြီးနောက် ပြန်တွဲခဲ့ကြတာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD