AD
AD
AD
play

 

ခရစ္စတီးနားခီနဲ့ ဇဏ်ခီတို့ဇနီးမောင်နှံက စင်ကာပူကနေ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူမှာ ပြသခဲ့တာဖြစ်ပြီး ဥပါယ်တံမျဉ် အဖွဲ့သားတွေကလည်း စင်ကာပူက ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲ့လို သွားရောက်တွေ့ဆုံခဲ့တဲ့အချိန်မှာလည်း ပရိသတ်တွေက တစ်ခဲနက် အားပေးခဲ့ကြတာတွေ့ရပါတယ်။ ဒါကြောင့်လည်း ခရစ္စတီးနားခီဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အိမ်မက်လေးကို အကောင်အထည်ဖော်ခွင့်ရလို့ စင်ကာပူက ပရိသတ်တွေနဲ့ ပါဝင်ကူညီပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

play

"စင်ကာပူမှ ပရိတ်သတ်များအား အထူးကျေးဇူးတင်လွှာလေးပါ။ လွန်ခဲ့သော လေး ငါးနှစ်လောက်ထဲက ကျွန်မပရိုဂျူဆာ တချို့အားအမြဲပြောပြခဲ့သော အိမ်မက်တခုရှိခဲ့ပါတယ်။အကောင်အထဲဖော်ခွင့်ကို ကျွန်မဦးဆောင်နေတဲ့ Central Base Productions နဲ့မှ လက်တွေ့အိမ်မက်ဖြစ်လာအောင်ဝိုင်းဝန်းပံ့ပိုးပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်နော်။ အောင်မြင်မယ် မအောင်မြင်မယ် မသေချာခဲ့ပေမယ့် ကျွန်မတို့ကို ယုံယုံကြည်ကြည် မေတ္တာဖြင့်ပံ့ပိုးပေး ခဲ့တဲ့ ကို Nay Zar Kyaw Win မ Ei Ei Thitမောင်လေး Myat Hein Khant ညီမ Yin Nwe Khaing နဲ့ မောင်လေး Htet Naung Win တို့ကို ရင်ထဲကနေလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ Show ပွဲအစဟာ သူတို့တွေသာမရှိခဲ့ရင် စင်ကာပူမှ ပရိတ်သတ်ဆီ ကျမတို့ရောက်လာဖို့မလွယ်ကူလှပါဘူး။

လက်မှတ်များအား မေတ္တာဖြင့် ဝိုင်းဝန်းရောင်းချပေးခဲ့တဲ့ ရဲရင့် ကာဖေးမှ မစန္ဒာ နဲ့ TTMY group မှ အဖွဲ့ဝင်များအား လည်း ကျေးဇူးအထူးတင်ရှိပါတယ်။လက်မှတ်စရောင်းတဲ့ အချိန်မှစပြီး လက်မှတ်များအားဝယ်ယူအားပေးခဲ့သော ပရိတ်သတ်များကြောင့် သားရဲ့လက်ကိုခိုင်ခိုင်မာမာဆွဲပြီး စင်ကာပူလာဖို့ တက်ကြွစေခဲ့ပါတယ်။

လေယာဉ်ကွင်းမှာ အကြာကြီးစောင့်ကြို လက်ဆောင်များတကူးတက သယ်လာကြတာတွေကိုမြင်ရတဲ့ခဏမှာတင် ဒီထက့်ပိုကြိုးစားဖို့ အခွင့်အရေးတွေရရှိလိုက်ရပါတယ်။ ခွန်အားများစွာရရှိလိုက်တဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်။ ပွဲစဉ်တလျှောက် ကျွန်မတို့နဲ့ ပရိတ်သတ်ကြားမှာ အဆင်ပြေဆုံးဖြစ်အောင်မေတ္တာစေတနာအပြည့် ဖြင့် ဝိုင်းဝန်းကူညီ ပေးသူ Volunteers များဓါတ်ပုံဆရာများ အားလည်းအထူးကျေးဇူးတင်ပါတယ်။

နောက်ဆုံးမှာတော့ မေတ္တာ စေတနာတွေနဲ့ ပရိတ်သတ်ရဲ့ ချွေးနှဲစာထဲက ဝယ်ခြမ်းပေးလိုက်တဲ့ပစ္စည်းများပိုက်ပြီး အိမ်ကိုပြန်ရောက်ခဲ့ပါပြီ။ကျွန်မတင်မကပဲ အနုပညာသမားများ လူငယ်များအတွက် ခွန်အားတွေပေးလိုက်တယ်လို့ ခံစားရပါတယ်။ “ ကြိုးစားပါ...စေတနာထားပါ...ကျိန်းသေပေါက် ပံ့ပိုးမယ်” ဆိုတဲ့ MESSAGE အကြီးကြီးကိုရရှိ လိုက်ပါတယ်။" ဆိုပြီး ရေးသားထားပါတယ်။

play

 

သူမအနေနဲ့ တတိယရုပ်ရှင်ကိုလည်း အမှားနည်းသည်ထက် နည်းအောင် ကြိုးစားမယ်ဆိုပြီး  ဆက်လက်ရေးသားထား ပါသေးတယ်။ မကြာခင်မှာလည်း မုဒြာရဲ့ ခေါ်သံလေးနဲ့ ပြန်ဆုံချင်တယ်ဆိုပြိး ပြောထားပါတယ်။

ဒီနေ့(ဧပြီ၅ရက်)မှာလည်း ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါသေးတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံးတွေ ပေးနိုင်ဖို့ ကြိုးစားနေတဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးက ပရိသတ်အားပေးမှု တစ်ဟုန်ထိုးရရှိနေတဲ့ အနုပညာရှင်နှစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ခရစ္စတီးနားခီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD