AD
AD
AD
play

ဇန်နဝါရီ(၁၉)ရက်နေ့ (၂၀)ရက်တို့မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင်ကျင်းပခဲ့တဲ့ နှင်းဆီနယ်နမိတ် အငြိမ့်ကနေ ရရှိခဲ့တဲ့ အလှူငွေတွေကို ဒီနေ့(ဧပြီ၅ရက်)မှာ မြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်းဆန်းစုကြည်ဆီသို့ လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။

အလှူငွေ ပေးအပ်ခြင်းအခမ်းအနားကို ဒီနေ့(ဧပြီ၅ရက်)က နေပြည်တော်၊ NRPCခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယင်းအခမ်းအနားကို မြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုင်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့သလို နှင်းဆီအဖွဲ့သားများအားလုံးလည်း စုံစုံညီညီနဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

play

ဇန်နဝါရီ(၁၉)ရက်နေ့ (၂၀)ရက် နှစ်ရက်တိုင်တိုင်ကျင်းပခဲ့တဲ့ နှင်းဆီနယ်နမိတ်အငြိမ့်မှာ ရရှိခဲ့တဲ့ အလှူငွေ သိန်း(၆၅၀)ကို ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းကနေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ယင်းလှူဒါန်းမှုနဲ့ ပတ်သက်ပြီး နေတိုးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း ယခုလို ရေးသားထားတာတွေ့ရပါတယ်။ 

play

 

"နှင်းဆီနယ်နိမိတ် မှ ရသော အလှူငွေများ ( သိန်း ၆၅၀ ) ကို အမေ့လက်ထိလက်ရောက် ဒီနေ့ လှူဒါန်းကြပါတယ်ခင်ဗျာ." ဆိုပြီး ပြောထားပါတယ်။

နှင်းဆီနယ်နိမိတ်အငြိမ့်မှာတော့ နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ မင်းမော်ကွန်း၊နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ရဲလေး၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံတို့ ပါဝင်တာ ဖြစ်ပါတယ်။

play

 

နှင်းဆီအဖွဲ့ကို ၂၀၀၇ ခုနှစ်က စတင်ဖွဲ့ပြီး ကပြဖျော်ဖြေခဲ့တာ ယခုဆိုရင် ဆယ်စုနှစ်တစ်စု ရှိခဲ့ပါပြီ။ဆယ်နှစ်အတွင်းမှာ နှင်းဆီအဖွဲ့ဟာ ပွဲ(၁၁)ပွဲကို ကပြခဲ့ပြီး ဖြစ်ပါတယ်။

Photo : နေတိုး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD