AD
AD
AD
play

 

ပူပူနွေးနွေး အကယ်ဒမီရရှိထားသူ သရုပ်ဆောင် ပိုင်ဖြိုးသုက သူမရဲ့ မွေးနေ့လေးက ဘိုးဘိုးဘွားဘွားတွေနဲ့အတူ အချိန်ကုန်ခဲ့ပါတယ်။ ဧပြီလ(၅) ရက်နေ့က ကျရောက်ခဲ့တဲ့သူမရဲ့ မွေးနေ့လေးမှာ တောင်ကြီးက ရှမ်းရိုးမဘိုးဘွားရိပ်သာမှာ မွေးနေ့အလှူသွားလုပ်ခဲ့တယ်လို့ ဆိုပါတယ်။အဲ့ဒီအကြောင်းလေးကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

play

 

"သုသုမွေးနေ့မှာ ဆုတောင်းပေးကြတဲ့သူတစ်ယောက်ဆီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် ။ သုသုဒီနေ့အဖို့ တောင်ကြီးက ရှမ်းရိုးမဘိုးဘွားရိပ်သာမှာ Oramin - G မိသားစုနဲ့အတူအလှူသွားလုပ်တာမို့ စာတွေမပြန်ဖြစ်တာပါ။ နားလည်ခွင့်လွှတ်ပေးကြပါနော် " ဆိုပြီး ပြောထားပါတယ်။  ဘိုးဘိုးဘွားဘွားတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စကားတွေ ပြောခဲ့တဲ့ ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသုပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်ထည့်ပေးလိုက်တယ်နော်။

play

 

3Girls ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး  အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုဟာ ငယ်စဉ်ကတည်းက အနုပညာလောကနဲ့ ရင်းနှီးနေသူ တစ်ဦးဖြစ်ပြီး ဆေးကျောင်းတစ်ဖက်နဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာသူလည်း ဖြစ်ပါတယ်။

3Girls ဇာတ်ကားမှာ စာရေးဆရာမ ရွှေရုပ်သွင် ကာရိုက်တာကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာပျိုးခင်း(၂) ရဲ့ စင်တင်မင်းသမီး တစ်ဦးဖြစ်ခဲ့တဲ့ ပိုင်ဖြိုးသုက ယခုလိုဆိုရင် ပရိသတ်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်နေပါပြီ။

Photo : ပိုင်ဖြိုးသု FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD