AD
AD
AD
play

 

အဆိုတော် ဂျင်းနီက သူမသိပ်ချစ်ရတဲ့ ကျေးဇူးရှင် ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ တော်တော့်ကို ခံစားနေရပါတယ်။ သူမရဲ့ ဖခင်ဟာ ဧပြီ(၆)ရက်နေ့ ညနေပိုင်းလောက်က ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ လက်ပေါ်မှာပဲ ဖြစ်သွားတဲ့ ရုတ်တရက်ဆိုတဲ့ အဖြစ်အပျက်တွေအတွက် ဂျင်းနီခဗျာ ကမ္ဘာပျက်သလို ခံစားနေရတယ်တဲ့။

play

 

"ဒီးဒါအတွက် ခုနကပဲ သက်ပျောက်ဆွမ်း ကပ်လိုက်ပါပီ။ ခုချိန်မှာ သေချာလက်ခံလိုက်ရတာတခုကတော့ ကျွန်မ သိပ်ချစ်ရတဲ့ ကျွန်မရဲ့ ကျေးဇူးရှင် ဖခင် တကယ်ပဲ ကျမတို့သားမိ၂ယောက်ကို ထားခဲ့ပီဆိုတာပါပဲ၊ မိနစ်ပိုင်းအတွင်း ဖြစ်ပျက်တာတွေက သိပ်မြန်လွန်းတော့ ယုံဖို့တောင်မလွယ်ဘူး၊ ကျွန်မလက်ပေါ်မှာ ဖြစ်သွားတဲ့ ရုတ်တရက်ဆိုတဲ့ အဖြစ်အပျက်အတွက် ရင်ထဲမှာ ကမ္ဘာပျက်သလို ခံစားရတယ် ဒီးဒါရယ်။  ဒီးဒါကြီး ကောင်းရာသုဂတိလားပါစေ ပြုသမျှ ကောင်းမှုကုသိုလ်အတွက် အမျှ အမျှ အမျှ" ဆိုပြီး ဧပြီ (၇) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

play

 

သူမရဲ့ အနုပညာအပေါင်းအသင်း သူငယ်ချင်းတွေက စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဧပြီ(၈) ရက်နေ့ ဒီနေ့ညနေ(၅)နာရီမှာ သူမရဲ့ ဖခင်ရဲ့ ရုပ်လောင်းကို ရေဝေးသုသာန်သို့ပို့ဆောင်ပြီး မီးသင်္ဂြိုဟ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အဆိုတော် ဂျင်းနီဟာ ငယ်စဉ်ကလည်း အနုပညာလောကထဲကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သုံးဆယ့်ရှစ်ဖြာမင်္ဂလာဆိုတဲ့ အစီအစဉ်ကလို့ ပရိသတ်တွေ သတိထားမိလာတာဖြစ်ပြီးဟန်နွေငြိမ်းဆိုတဲ့ နာမည်နဲ့ ဆို၊က၊ရေး၊တီး အစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီး ဆုတံဆိပ်တွေ ရရှိထားသူလည်း ဖြစ်ပါတယ်။ အခုတော့ သူမဟာ ဂီတလောကမှာ နေရာတစ်နေရာရရှိထားသူဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်လို့နေပါပြီ။

Photo : ဂျင်းနီ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD