AD
AD
AD
play

 

ဧပြီ(၇) ရက်နေ့ ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ခန့်စည်သူရဲ့ နှစ်သစ်အကြို အလှူမင်္ဂလာမှာ တွေ့ခဲ့ရတဲ့ ဆရာလေးဒေါ်နန္ဒမာလာနဲ့ သရုပ်ဆောင် ခင်ဝင့်ဝါတို့ ဖြစ်ပါတယ်။ ခန့်စည်သူရဲ့ အလှူမှာ အနုပညာရှင်များလည်း ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောာင်ခင်ဝင့်ဝါ ကလည်း တက်နိုင်တဲ့ဘက်က ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

play

ဆရာလေးဒေါ်နန္ဒမာလာနဲ့ သရုပ်ဆောင်ခင်ဝင့်ဝါတို့ရဲ့အပြုံးလေးတွေက ပရိသတ်တွေကို ဆွဲဆောင်နိုင်လွန်းပါတယ်။ သူတို့ရဲ့ ပုံလေးတွေ ကြည့်ရတာ တကယ့်ကို ကြည်နူးဖို့ ကောင်းလှပါတယ်။

ဒီအလှူမင်္ဂလာပွဲကတော့ ပဋိကဂုဏ်ရည်(၃)ထပ်ကျောင်းဆောင် ပဋိကတိုက်တော်ရတနာအုတ်မြစ်တော်စီမင်္ဂလာ၊ ရဟန်းပဉ္ဇင်း(၁၀)ပါး၊ ရှင်သာမဏေ(၁၀၈)ပါးတို့ကို ဗုဒ္ဓသားတော်များအဖြစ် သာသနာ့ဘောင်ကို ပို့ဆောင်ပြီး သာသနာ့အမွေခံယူခဲ့တယ်လို့ သိရပါတယ်။

play

 

နောက်ထပ်လည်း အလင်းပြကောင်းကင် ဒီဇိုင်နာပရဟိတသင်တန်းကျောင်းမှ သင်တန်းသူ၊ သင်တန်းသားတွေအတွက် အပတ်စဉ်(၁) သင်တန်းဆင်းပွဲ၊ အပတ်စဉ်(၂) သင်တန်းဖွင့်ပွဲနဲ့ ပဋိကဂုဏ်ရည်ကျောင်းတိုက်ကနေ ဆောင်ရွက်လျှက်ရှိတဲ့ ကိစ္စအဝဝအတွက် အလှူငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ခင်ဝင့်ဝါဟာ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို အလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo : ခင်ဝင့်ဝါ FB ၊အေးဇော်မိုး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD