AD
AD
AD
play

 

မေမေမိုးယုစံက သားလေး Austin အဖော်ရဖို့အတွက် နောက်ထပ် ရင်သွေးလေး တစ်ယောက်လောက် ယူဖို့ စဉ်းစားနေပါ တယ်တဲ့။ သားလေးရှိလာမှ သူမဘဝလေးက ပိုပြီးလည်း အဓိပ္ပါယ်ရှိသွားသလို ပိုပြီးလည်း ပြီးပြည့်စုံသွားတယ်လို့ Duwun Media ကို ယခုလို ပြောပြခဲ့ပါတယ်။ 

play

 

"သားသားက အခု၈လထဲရောက်နေပြီပေါ့။သူက အခုဆိုရင် ထိုင်လည်း ထိုင်တတ်နေပြီ စလည်းစတတ်နေပြီ။နို့ဆို့ရင်းတောင်မှ မအေကို စတတ်နေပြီပေါ့။ သားသားက ငယ်သေးတော့ သူဘာဝါသနာပါလဲဆိုတာ မသိရသေးဘူးပေါ့နော်။ အရွယ်ရောက်လာ ရင်လည်း သူဝါသနာပါတာကို ပံ့ပိုးပေးဖို့ စဉ်းစားထားပါတယ်။ သားလေးရှိလာမှ မိုးယုရဲ့ ဘဝကို ပိုပြီးပြည့်စုံသွားတယ်။ ပိုပြီးလည်း အဓိပ္ပါယ်ရှိလာတယ်။ အထီးမကျန်တော့ဘူးလို့ခံစားရတယ်။ အစတုန်းကဆိုရင်ကိုယ်က တစ်ယောက်တည်းဆိုတော့ အထီးကျန်တယ်။

အခုတော့ အထီးမကျန်တော့ဘူး။သားသားလေးက ကိုယ့်အတွက်အားပါ။ ရင်သွေးလေးကတော့ နောက်ထပ်တစ်ယောက်လောက် ထပ်ယူသွားမှာပါ။ သားလေးအထီးကျန်မှာစိုးလို့။နောက်တစ်ယောက်လောက်ဆိုရင်တော့ သူလည်း အဖော်ရမှာပေါ့နော်"လို့ သူမက ဖြေဆိုပေးခဲ့ပါတယ်။

play

 

မိုးယုက သူမကို ချစ်ပေးကြသလို သားသားကို ချစ်ပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။

ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး သားလေးကို ၂၀၁၇ခုနှစ်  သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူဆိုပြီး ပေးထားတဲ့ သားလေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။

play

 

မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း  အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့ တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုး ယုစံတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Photo : မိုးယုစံ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD