AD
AD
AD
play

 

ချစ်သုဝေတို့ဇနီးမောင်နှံက သမီးလေးနှစ်ယောက်နဲ့အတူ ငပလီကို ရောက်ရှိနေတာဖြစ်ပြီး ကလေးလေးတွေလည်း အရမ်းပျော်နေကြတာကို မြင်တွေ့ရပါတယ်။

တစ်နှစ်ကျော်ပဲ ရှိသေးတဲ့ သမီးလေးနှစ်ယောက်က နေရာသစ်ကို စိမ်းမနေဘဲ အပျော်ကြီးပျော်နေကြပါတယ်။

play

 

မနေ့ကဆိုရင် ဟိုတယ်ရေကူးကန်မှာ သမီးလေးနှစ်ယောက်နဲ့အတူ ချစ်သုဝေက ရေကူးနေပြီး ဗီဒီယိုဖိုင်လေးတွေနဲ့ ဓာတ်ပုံတွေတောင် Facebook ကနေ မျှဝေခဲ့ပါသေးတယ်။

ညနေပိုင်းမှာတော့ လင်းလင်းက ခရီးပန်းပြီး အိပ်သွားပေမယ့် တက်ကြွလှတဲ့ သားအမိသုံးယောက်ကတော့ ကမ်းခြေဆင်းလို့ ပျော်နေကြပြန်ပါသေးတယ်။

play

 

"ဖေဖေခရီးပမ်းပြီးအိပ်နေတုန်း အဖြူone setနဲ့ ကိုယ်တွေကပျော်လိုက်သလိုများဖြစ်တွားလားဖေဖေ??" လို့ ချစ်သုဝေက ရေးလို့ ဗီဒီယိုဖိုင်လေးတွေနဲ့ ဓာတ်ပုံလေးတွေ ထပ်တင်ထားပြန်ပါတယ်။

အဖြူဝမ်းဆက်လေးတွေဝတ်လို့ ပို့စ်အမျိုးမျိုးပေးရင်း ဓာတ်ပုံလေးတွေ ရိုက်ထားတာ ချစ်စရာအရမ်းကောင်းပါတယ်။

play

လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ တခြားအနုပညာရှင်တွေနဲ့အတူ Jasmin Ngapali Resort မှာ ဖျော်ဖြေရေးအစီအစဉ်အတွက် ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ တခြားအနုပညာရှင်တွေကလည်း မိသားစုတွေ ခေါ်လာကြပြီး ငပလီမှာပျော်နေကြတဲ ပုံတွေ အပြိုင်အဆိုင်တင်နေကြတာ ပျော်စရာကြီးပါပဲ။ အဆိုတော် တင်ဇာမော်က ချစ်သုဝေတို့သားအမိ ရေကူးနေတဲ့ ပုံလေးတွေ၊ ဗီဒီယိုဖိုင်လးတွေကိုလည်း ရိုက်ကူးပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ တင်ထားပါသေးတယ်။

play

 

ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက်အောင်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

play

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သမီးလေးတွေရဲ့ နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

Photos : ချစ်သုဝေ၊ တင်ဇာမော်၊ အာဇာနည်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD