AD
AD
AD
play

 

UK မှာ အခြေချနေထိုင်နေတဲ့ နှင်းဝတ်ရည်သောင်းက မြန်မာနိုင်ငံကို ခေတ္တခဏ ပြန်လည်ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဧပြီ(၆) ရက်နေ့ကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

၁၉၉၆ခုနှစ်ကတည်းက မော်ဒယ်လောကကို ဝင်ရောက်ခဲ့တဲ့ သူမဟာ မော်ဒယ်လောကမှာသာမက သရုပ်ဆောင်ပိုင်း မှာလည်း ပရိသတ်အခိုင်အမာရရှိခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

play

 

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေပေမယ့်လည်း သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ ရှိနေဆဲပါ။ သူမပြန်လည်ရောက်ရှိက တည်းက သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ စိတ်ဝင်စားလို့နေပါတယ်။ ဒီနေ့မှာလည်း သနပ်ခါးလေးတွေလိမ်းပြီး မိခင်နဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကို သူမမိခင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။

ဒီနေ့ညနေ(၅)နာရီမှာလည်း ရွှေလွန်းသံဆိုင်ရှေ့မှာ သူမတို့ မိသားစု စတုဒီသာကျွေးသွားမယ်လို့လည်း သိရပါတယ်။

play

 

နှင်းဝတ်ရည်သောင်း အေးဝတ်ရည်သောင်းညီအစ်မနှစ်ယောက်ကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ ညီအစ်မနှစ်ဦး ဖြစ်ပြီး အေးဝတ်ရည်သောင်း(ခ)အေးသောင်းကတော့ တစ်ခေတ်ပြန်လည် နာမည်ရလာပြီ ဖြစ်ပါ တယ်။

နှင်းဝတ်ရည်သောင်းဟာ အလှမယ် ဆုများစွာကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။  ညီမဖြစ်သူ အေးသောင်းရဲ့ အောင်မြင်မှုကို ကျေနပ်နေတဲ့ နှင်းဝတ်ရည်သောင်းကတော့ ယခုလက်ရှိ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီးတော့ မြန်မာနိုင်ငံမှာ တစ်လလောက် နေသွားဦးမယ်လို့ သိရပါတယ်။

Photo : ဖြူဖြူစိုး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD