AD
AD
AD
play

 

သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ဟဲလေးက စိတ်တူကိုယ်တူ အိမ်ထောင်ဘက်ကို ရရှိထားသူလေးပါ။ ဘယ်ကိုသွားသွား ဟဲလေးအတွက် အဖော်ရတဲ့ အိမ်ထောင်ဘက်က သူ့အတွက် သူငယ်ချင်းတစ်ယောက်လိုပါတဲ့။

play

 

"အတူတူဖြတ်သန်းခဲ့တဲ့ အချိန် ၂၄နှစ်အတွင်းမှာ ပြဿနာကြီးကြီးမားမားတော့ မရှိခဲ့ပါဘူး။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးအတွက် လျှို့ဝှက်ချက်တော့ မရှိပါဘူး ။အဓိက ကပွင့်ပွင့်လင်းလင်းပေါင်းတယ်။ သူငယ်ချင်းလိုပေါင်းတယ်။ သူကောင်းတာက ကိုယ် ကလပ်သွားချင်တယ်ဘားသွားချင်တယ်ဆိုတာကအစ သူက လိုက်ပေးတယ်။ နောက်ဆုံး ကိုယ်က ဖုန်းအရမ်းသုံးတယ်။ အသုံးများလို့ ဇာတ်ကြောတွေ တက်ရင်တောင် အနှိပ်ခန်းသွားရင် သူက လိုက်ပေးတယ်။ အဲ့လောက်ထိကိုပေါ့။ ကိုယ်နဲ့ပေါင်းတဲ့ သူငယ်ချင်းနဲ့ သွားတယ်ဆိုလည်း သူက ပါတယ်။ ဆိုတော့ သူက ကိုယ့်သူငယ်ချင်းတစ်ယောက်လိုကို ဖြစ်သွားတာပေါ့။ အေးဆေးပဲ ပြဿနာတော်တော်များများ မဖြစ်တော့ဘူး ။ " ဆိုပြီး Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

play

 

ဇနီးဖြစ်သူ  မြတ်သီရိလင်း  ကလည်း ခင်ပွန်းဖြစ်သူ ဟဲလေးအပေါ် ထားရှိတဲ့သဘောထားလေးတွေကို ယခုလို ပြောပြခဲ့ပါသေးတယ်။

"အမက အစကတည်းက ကိုယ်လိုချင်တဲ့လူကိုယ်လိုချင်တဲ့ပုံစံမျိုးဖြစ်တဲ့သူကို ရွေးချယ်ခဲ့တာပေါ့။ကိုယ်ရွေးချယ်ထားတဲ့သူဆိုတော့ သူ့အကြောင်းကို ကိုယ်ကောင်းကောင်းသိတယ်။ သူဖြစ်ချင်တာ သူကြိုက်တတ်တာကအစသိတာပေါ့။ အမက ယောက်ျားနဲ့ မိန်းမရင်ဘောင်တန်းပြီး ဘဝတစ်ခုကို ဆိုးတူကောင်းဘက် ဖြတ်သန်းတာကို သဘောကျတယ်။အမက အမြဲတမ်းနားလည်ပေးတယ်။ အမလည်း သူ့ယုံကြည်အောင်လည်း အမြဲတမ်း နေပြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ခွင့်လွှတ်နိုင်ရမယ်ပေါ့။ ကိုယ်လည်း သူနဲ့အဆင်ပြေအောင် အရာရာ ညှိနှိုင်းပါတယ် "လို့ ဖြေဆိုပေးခဲ့ပါတယ်။

play

 

အဆိုတော်ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းတို့ဟာ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ ၂၄နှစ်တာရှိခဲ့ပါပြီ။ ရည်စားမဖြစ်ခင် (၆)နှစ်၊ ရည်းစားဖြစ်ပြီး (၈)နှစ်နဲ့ အိမ်ထောင်သက်က(၁၀)နှစ် ပါတဲ့။ အိမ်ထောင်သက်(၁၀)နှစ်အတွင်းမှာ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။

အဆိုတော် ဟဲလေးဟာ ယခုနောက်ပိုင်းရှိုးပွဲတွေသွားနေရသလို မကြာသေးခင်က သူ့ရဲ့ "မှည့်" သီချင်းဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ဟဲလေးဟာ ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဟဲလေး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD