AD
AD
AD
play

 

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ခိုင်သင်ကြည်က မိသားစုနဲ့အတူ ဘာလီသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဧပြီ(၉)ရက်နေ့ကတည်းက ဘာလီသို့ အပန်းဖြေခရီးထွက်သွားကြတဲ့ သူတို့မိသားစုဟာ အခုချိန်ထိ ဘာလီမှာပဲ ရှိနေပါသေးတယ်။ ခိုင်သင်းကြည်ရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ကမ်းခြေမှာ ပျော်နေတဲ့ ပုံလေးတွေကို တင်ထားတာတွေ့ရပါတယ်။

play

 

"ဒီနေ့ မနက်တော့အေးအေးဆေးဆေးအိပ်ယာထ,မနက်စာစား,ဓါတ်ပုံရိုက်ပြီးဘာလီပြန်တော့မယ်ရှင်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါသေးတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့  Lembongan, Indonesia  ကျွန်းမှာ ပျော်နေတဲ့ သူတို့မိသားစုရဲ့ ပုံလေးတွေကို လည်း ပရိသတ်တွေ တွေ့မြင်နိုင်အောင် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

play

 

အနုပညာအလုပ်တွေ အားပြီဆိုတာနဲ့ မိသားစုကို အချိန်ပေးတတ်တဲ့သူမဟာ ပရိသတ်ရဲ့ အချစ်ကိုရရှိထားတဲ့ အနုပညာရှင်လည်း ဖြစ်ပါတယ်။

ခိုင်သင်းကြည်နဲ့ ကိုခန့်နိုင်တို့ဟာ ၂၀၀၂မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ယခုဆိုရင် စံထိပ်ထားဦးဆိုတဲ့ သမီးလေးတစ် ယောက် ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

play

 

အခုဆိုရင် သမီးလေးက ပညာသင်ယူနေရင်းနဲ့ အနုပညာအလုပ်တွေကို လက်လှမ်းမီသလောက် လုပ်ကိုင်လျက်ရှိပါတယ်။ ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့း ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

play

 

၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို  ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo : ခိုင်သင်းကြည် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD