AD
AD
AD
play

 

သရုပ်ဆောင်  မျိုးစန္ဒီကျော်က ဒီနေ့(ဧပြီ ၁၁ရက်)မှာ ကြေးမုံသတင်းစာကနေ ခင်ပွန်းအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာထားတာကို တွေ့ရပါတယ်။

သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ ခင်ပွန်းဖြစ်သူ ဖြိုးကျော်ကျော်မြတ်တို့ဟာဆိုရင် ၂၀၁၀ခုနှစ် ဧပြီ ၇ ရက်နေ့က ထိမ်းမြားလက် ထပ်ခဲ့ကြတာဖြစ်ပြီး အိမ်စည်မြင့်မိုရ်ကျော်ဆိုတဲ့ သုံးနှစ်အရွယ် သမီးလေးတစ်ယောက်လည်း ရှိပါတယ်။

play

 

ဒီနေ့ထုတ် ကြေးမှုံသတင်းစာမှာ ရေးသားထားတာက အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်စဉ် ကာလအတွင်းမှာ ဇနီးဖြစ်သူကို လင်ဝတ္တရားအညီ ရှာဖွေကျွေးမွေးထောက်ပံ့မှု မပြုခြင်း၊ ဇနီးဖြစ်သူရဲ့ အနုပညာအလုပ်တွေမှာ နည်းမျိုးစုံနဲ့ ဝင်ရောက်ဟန့်တားနှောက်ယှက်သလို ဇနီးဖြစ်သူ ရဲ့ ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန်တရားစွဲဆိုပြောဆိုခြင်းတွေ၊ အကြိမ်ကြိမ် မဖွယ်မရာပြုမှုပြောဆို ဆက်ဆံခြင်း တွေကြောင့် စိတ်သဘောထားချင်း လုံးဝမတိုက်ဆိုင်တော့သဖြင့် လင်မယားအဖြစ် အတူတကွဆက်လက်ပေါင်းသင်းနေထိုင်ဖို့ မဖြစ်တော့ကြောင်းလို့ ပါဝင်ပါတယ်။

play

 

မျိုးစန္ဒီကျော်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ၂၀၁၆ခုနှစ် ဧပြီ(၄) ရက်နေ့ကတည်းက အခုချိန်ထိ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခြင်း မရှိတော့ဘဲ သီးခြားစီခွဲခြားနေထိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

play

 

မျိုးစန္ဒီကျော်ဟာ အနုပညာအလုပ်တွေနဲ့ ကင်းကွာနေခဲ့တာ (၃)နှစ်ကျော်လောက် ရှိနေခဲ့ပြီး ဇာတ်ကားတွေ မရိုက်ကူးဖြစ်တာ ကတော့ (၅)နှစ်လောက်ရှိခဲ့ပါပြီ။ သူမက အနုပညာအလုပ်တွေနဲ့ ကင်းကွာနေပေမယ့် သမီးလေးကတော့ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေတာလည်း တွေ့ရပါတယ်။

Photo : မျိုးစန္ဒီကျော်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD