AD
AD
AD
play

 

ဆေးကုသမှု ခံယူနေရတဲ့ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်အတွက် ဆေးကုသဖို့ အတွက် မြန်မာငွေကျပ် သိန်းသုံးရာ တိတိ ကူညီမှု ရရှိလိုက်တယ်လို့ သိရပါတယ်။

ယင်းကူညီမှုကို စင်ကာပူနိုင်ငံမှာနေထိုင်တဲ့ ဦးကိုကိုထူးနဲ့ဇနီးဒေါ်စန္ဒာအောင်တို့ မိသားစုကနေ လှူဒန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါအကြောင်းနဲ့ ပတ်သက်ပြီး စိုင်းဆိုင်မောဝ်ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

play

 

"စင်္ကာပူနိုင်​ငံ​နေ ဦးကိုကိုထူးနှင့်ဇနီး​ဒေါ်စန္ဒာ​အောင်​သား မင်းသီဟထူးသမီး မဆုသီရိထူး မိသားစုတို့မှ ​တေးသံရှင်​စိုင်းဆိုင်​​မောဝ်​ အားကျမ်းမာ​ရေးကုသရန်​အတွက်​ မြန်​မာ​ငွေ သိန်းသုံးရာကျပ်​ကို ကို​ကျော်​​ကျော်​မိုး ကိုမြတ်​သူတို့မှတဆင့်​ အိမ်​တိုင်​ရာ​ ရောက်​လာ​ရောက်​ ကူညီ​ပေးအပ်​သွားပါသည်​.ကျေးဇူးအထူးပင်​တင်​ရှိပါ​ကြောင်းနတ်​လူသာဓု​ခေါ်​စေ​သောဝ်​...ထို​ငွေများကိုစိုင်းဆိုင်​​မောဝ်​​ ကျောက်​ကပ်​​ရောဂါအား မှန်​​ပြောင်းအသုံးပြု​လေဆာဖြင့်​ ကုသသည့်​နည်းဖြင့်​ အမြန်​ဆုံးကုသမည်​ဖြစ်​ပါ​ကြောင်း ပရိတ်​သတ်​များအား အသိ​ပေးအပ်​ပါသည်​. စိုင်းဆိုင်​​မောဝ်​မိသားစု" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

play

 

အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ဘန်ကောက်မှာ ကျောက်ကပ်သွားခွဲခဲ့တယ်လို့ သိရပါတယ်။

စိုင်းဆိုင်မောဝ်အနေနဲ့ ဆေးရုံမတက်ခင်ဆက်ကြားမှာလည်း ပရိသတ်များနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်က တစ်ဆင့်စကား တွေ အပြန်အလှန်ပြောဖြစ်နေသူလည်း ဖြစ်ပါတယ်။ သူနဲ့နာမည်တူ အကောင့်အတုတွေ အများကြီးရှိတာကြောင့် သူသုံးနေတဲ့ အကောင့်ကနေ ပရိသတ်တွေမမှားရလေအောင် သတိပေးခဲ့ပါသေးတယ်။

play

 

ယခုလက်ရှိမှာတော့ သူ့ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့အတွက် ပရိသတ်တွေက ဆုတောင်းပေးနေကြပါတယ်။တချိန်က ရှမ်းပဲပုတ် လေးကျွန်တော်၊ တောင်ပြာတန်းကသိတယ်၊မူဆယ်နန့်ခမ်းလမ်း အစရှိတဲ့သီချင်းတွေသာမက အောင်မြင် ကျော်ကြားခဲ့တဲ့ အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ ယခုထက်တိုင် နေရာယူထားနေသူလည်း ဖြစ်ပါတယ်။

Photo : စိုင်းဆိုင်မောဝ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD