AD
AD
AD
play

 

၂၀၁၇ခုနှစ် ဒီဇင်ဘာ ၂၂ရက်နေ့ သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့တဲ့ နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ ထက်ထက်မိုးဦး ဟာ အခုလူဝတ်လဲလိုက်ပြီလို့ သိရပါတယ်။

ဆရာလေး နန္ဒာမာလာဆိုတဲ့ ဘွဲ့နဲ့ သာသနာ့ဘောင်ထဲမှာ (၃)ကျော် (၄)လလောက် နေထိုင်ခဲ့ပြီး ယခုမှာ သာသနာ့ဘောင်ထဲက ပြန်ထွက်လာခဲ့ပါပြီ။ ထက်ထက်မိုးဦးတစ်ယောက် သာသနာ့ ဘောင်ထဲကနေ ပြန်ထွက်လာတဲ့ ထက်ထက်မိုးဦးရဲ့ ဓာတ်ပုံလေးတွေကလည်း အွန်လိုင်းမှာ ပြန့်လို့နေပါတယ်။ သူမ သာသနာ့ဘောင်ထဲ ဝင်စဉ်က ဘယ်တော့ လူဝတ်လဲမယ်ဆိုတာမျိုး ကြိုပြီး အသိပေးခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။အခုလိုမျိုး ရုတ်တရက် လူဝတ်လဲလိုက်တဲ့ပုံတွေကို အွန်လိုင်းမှာ တွေ့ရတာကြောင့်ပရိသတ်တွေလည်း အံ့သြလို့ နေကြပါတယ်။

play

 

သူမသာသနာ့ဘောင်ထဲ ဝင်ခဲ့စဉ်က သူမပြောခဲ့တဲ့ စကားလေးကို Myo Myo Taungyi ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ယခုလို ပြောပြခဲ့ဖူးပါတယ်။

"ရုပ်နာမ်အနိစ္စတဲ့ တသက်လုံးလူတွေ အပေါ်ပေးဆပ်ခဲ့ရပီးပြီတဲ့ သူ့အတွက်သူ့မသေခင်မှာရှာဖွေရအုံးမယ်တဲ့လေ။ ဝဋ်ကြွေးတွေကြေပါရစေ ဆိုပြီး သီလရှင်ဝတ်သွားတဲ့ မထက်ရေ သာဓုပါ။မထင်မှတ်ပဲရောက်လာပြီး ကိုယ့်အလှူမှာ ချက်ချင်း အလှူခံ သွားတော့ ကိုယ်တောင် အံသြမိပါတယ်။ သူပျော်သလောက်သာ့သနာ့ဘောင်မှာ နေတော့မယ်တဲ့လေ" ဆိုပြီး ရေးသားထားတာပါ။

play

 

သာသနာ့ဘောင်ထဲ ဝင်ရောက်စဉ်အချိန်တုန်းမှာလည်း တရားဘာဝနာတွေ ပွားများပြီး သာသနာ့ရေးကို တစိုက်မတ်မတ်နဲ့ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ သမီးဖြစ်သူ လေးကိုတော့ သာသနာ့ဘောင်ထဲရောက်နေစဉ် သတိရတယ်ဆိုတဲ့ စကားလေးတွေကို အင်တာဗျူး တော်တော်များများမှာတော့ ဖြေဆိုခဲ့ဖူးပါတယ်။

ထက်ထက်မိုးဦးဟာ အနုပညာအလုပ်တွေကို ရပ်နားထားရာကနေ မနှစ်ကမှ  ကြော်ငြာတွေ လက်ခံရိုက်ကူးနေခဲ့တာပါ။ သူမဟာ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေကို အသုံးပြုသူမဟုတ်တဲ့အတွက် သူမရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာကနေ အသိပေးလေ့မရှိပါဘူး။

 

Photo : MC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD