AD
AD
AD
play

 

ရန်ကုန်ကနေ ဘန်ကောက်ကို ဖျော်ဖြေပွဲတစ်ခုနဲ့အသွား လေယာဉ်ပေါ်မှာ သူ့သီချင်းနဲ့ ကပြခဲ့တဲ့ ထိုင်းလေယာဉ်မယ်လေးတွေနဲ့ ကြုံခဲ့ရပါတယ်။ မနောရဲ့ သနပ်ခါးလေးနဲ့ မောင့်ချစ်သူ သီချင်းလေးကို ဖွင့်ပြီး ထိုင်းလေယာဉ်မယ်လေးတွေက  ကနေကြတာ ဖြစ်ပါတယ်။

မနောရဲ့ သီချင်းလေးနဲ့ ထိုင်းလေယာဉ်မယ်လေးတွေ ကနေတဲ့ ဗီဒီယိုဖိုင်လေးကိုတော့  မနော့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဧပြီ(၁၁)ရက်နေ့ ညနေပိုင်းက တင်ခဲ့ပါတယ်။

Postby

 

အဲ့ဒီဗီဒီယိုတင်ပြီး တစ်ရက်အတွင်းမှာ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုသူဦးရေလေးသိန်းကျော် ရှိခဲ့ပြီး ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ မနောကိုယ်တိုင်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလိုလေး ရေးသားထားပါသေးတယ်။

"အဲဗျားကြည့်ကြည့်အုန်းကျွန်တော့်သီချင်းလေးနဲ့ သူတို့ကနေတာဗျာ့ ကျွန်တော်လည်းရောယောင်ပြီးဘုမသိဘမသိလက်ခုပ်တီးပြီး ပျော်ခဲ့ရတယ်ဗျို့ Air Asia လေယာဉ်ပေါ်မှာပါ        ထိုင်းမလေးတွေ ချောသလားလို့ဘော်ဒါတို့ရေ"လို့ ပြောထားပါတယ်။

play

လူကြီးလူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မနောကတော့ ဒီဇင်ဘာ (၂၁)ရက်နေ့ညက Shwe FM က ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး မြန်မာသံ အမျိုးသားတေးသံရှင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ ပါတယ်။

play

 

မနောရဲ့ သီချင်းတွေဟာ ၂၀၁၆ခုနှစ် သင်္ကြန်ကာလကနေစပြီးတော့ ပရိသတ်တွေ သတိထားမိလာတာဖြစ်ပြီး နယ်ပရိသတ်များပါက ရန်ကုန်ပရိသတ်များရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ မနောရဲ့ ဗိုလ်အောင်ဒင်သီချင်းကတော့ ကထိန်ကာလတစ်လျှောက်လုံးသာမက ယခုလက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတာ ဖြစ်ပါတယ်။

 

Photo : မနော FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD