AD
AD
AD
play

 

မိန်းကလေး ပရိသတ်အားပေးမှုက ရရှိထားတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှုး အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့ စုံတွဲလေးက ချစ်သူသက်တမ်း ရက်(၁၀၀)တောင် ပြည့်သွားခဲ့ပါပြီ။

အောင်သူဟာ မြန်မာ့ဘောလုံးလောကရဲ့ နာမည်ကြီး ကစာသမားတစ်ဦးဖြစ်ခဲ့သလို ယခုလက်ရှိအချိန်မှာ ထိုင်းအသင်းတစ်ခုမှာ ဝင်ရောက်ကစားနေတာလည်း ဖြစ်ပါတယ်။

play

 

သူတို့နှစ်ယောက် Relationship စချိတ်တဲ့အချိန်တုန်းက ပရိသတ်တွေကို လုံးဝအံ့သြသွားစေခဲ့ပါတယ်။ အခုဆိုရင် သူတို့စုံတွဲလေးဟာ ပရိသတ်တွေကြား ရေပန်းစားအားပေးမှုကို ရရှိထားတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ အနေဝေးနေပေမယ့် သွေးအေးမသွားတဲ့ အချစ်မျိုးကို ပိုင်ဆိုင်ထားသူတွေပါ။ ချစ်သူသက်တမ်းရက်(၁၀၀)ပြည့်တဲ့နေ့တုန်းကလည်း အောင်သူက မှတ်မှတ်ရရသူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပို့စ်လေး တစ်ခုတင်ခဲ့ပါတယ်။

play

 

"Happy 100 days Anniversary" ဆိုတဲ့ စာသားလေးကို ပိုးအိအိခန့်ရဲ့ အကောင့်လေးနဲ့ တွဲပြီး တင်ထားခဲ့တာ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးက ဧပြီ(၁၃)ရက်နေ့ ချစ်သူသက်တမ်းရက်(၁၀၀)ပြည့်ခဲ့တာပါ။

Long Distance Relationship ကိုပိုင်ဆိုင်ထားတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးက ပရိသတ်တွေအတွက်အားကျစရာပါ။

play

 

အောင်သူဟာယခုဆိုရင် ထိုင်းကလပ်အသင်းတစ်ခုဖြစ်တဲ့ Police Tero အသင်းမှာ ကစားနေတာ ဖြစ်ပြီး ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

နယ်ပယ်အသီးသီးမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေး ဒီထက်ပိုပြီး သာယာပျော်ရွှင် အဆင်ပြေစေဖို့ ပရိသတ်တွေ ဆုတောင်းပေးကြဦးနော်။

 

Photo : အောင်သူ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD