AD
AD
AD
play

 

အနုပညာအလုပ်တွေကိုပါ ရပ်နားပြီး မိသားစုကို အချိန်ပြည့်ပေးနေတဲ့  နန္ဒာလှိုင်က သင်္ကြန်မှာတောင် မပျော်တတ်တာ ကြာခဲ့ပါပြီလို့ ဆိုပါတယ်။

နန္ဒာလှိုင်ဟာ သင်္ကြန်ကို သူမနဲ့ မဆိုင်တဲ့အလား မိသားစု၊ စီးပွားရေးနဲ့ပဲ အချိန်ကုန်နေတာကို တွေ့ရပါတယ်။

play

 

သင်္ကြန်တွင်းမှာ သမီးတွေအတွက် အချိန်ပေးရင်း ဖြတ်ကျော်နေတာတွေ့ရသလို ဒူးရင်းသီးတွေလည်း ရောင်းလို့နေပါတယ်။

"ကဲ ဒူးရင်းသီးစရောင်းပြီဗျို့

၁၅ က/၁ ကန်ရိပ်သာလမ်း မရမ်းကုန်း

095022620" လို့ စာရေးပြီး သင်္ကြန်အကြတ်နေ့မှာ ဒူးရင်းသီးပုံတွေနဲ့တကွ တင်ထားတာကို

တွေ့ရပါတယ်။

play

 

သမီးလေးတွေဘေးနားမှာ အဖော်ပြုပေးနေတဲ့ မေမေနန္ဒာလှိုင်ကို ပရိသတ်တွေက အခုထက်ထိ အားပေးနေဆဲပါ။အနုပညာအလုပ်တွေ နားထားပေမယ့်လည်း ယခုထက်တိုင် ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

play

 

ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီးနောက်မှာတော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။

Photos : နန္ဒာလှိုင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD