AD
AD
AD
play

 

ကလေးနှစ်ယောက်မိခင် အဆိုတော်သရုပ်ဆောင် ချစ်သုဝေကတော့ တစ်နေ့စတိုင်တစ်မျိုးနဲ့ အပျိုရှုံးအောင် လန်းနေတာကို တွေ့ရပါတယ်။

သင်္ကြန်တွင်း နေပြည်တော် Sky Net မဏ္ဍပ်မှာ ဖျော်ဖြေနေတဲ့ ချစ်သုဝေက ကလေးတွေတစ်ဖက်နဲ့ ဖက်ရှင်ကိုလည်း လုံးဝအလျော့မခံဘဲ ပြင်ထားတာကို တွေ့ရပါတယ်။

play

 

အကြို၊ အကျ၊ အကြတ် ၃ ရက်စလုံး သူမရဲ့စတိုင်အားလုံး ခပ်မိမိလေးနဲ့ ချစ်စရာကောင်းနေပါတယ်။

play

 

သမီးလေး ၂ ယောက်ကိုလည်း နေပြည်တော် ခေါ်သွားပြီး ပျော်ရွှင်နေတာပါ။ ချစ်သုဝေဟာ အိမ်ထောင်ရှင်ဘ၀၊ ကလေးအမေဘဝနဲ့ အနုပညာရှင်ဘ၀ကို ဟန်ချက်ညီညီ ထိန်းထားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။

play

 

ချစ်စရာအရမ်းကောင်းတဲ့သမီးလေး ၂ ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့မိသားစုဘဝလေးကို အားလုံးက အားကျ ချစ်ခင်နေကြတာပါ။

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

play

 

သမီးလေးတွေရဲ့ နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။ ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ကလေးလေး ၂ ယောက်ကလည်း ပရိသတ်တွေရဲ့အချစ်တွေ အားလုံးကို ရထားတဲ့ သိပ်ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။

Photos : Chit Thu Wai FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD