AD
AD
AD
play

သင်္ကြန်အားလပ်ရက်မှာ ပြည်ပကို အလည်ထွက်သွားတဲ့ သက်မွန်က  ပိတောက်နဲ့ သင်္ကြန်ကို ဝေးရတဲ့ ခံစားချက်ကို ကောင်းကောင်းကြီးနားလည်သွားခဲ့ပါပြီ။

"ဒီနှစ်တော့ သင်္ကြန်နဲ့ရော ပိတောက်နဲ့ရော ဝေးခဲ့ပြီ!

ပုံဟောင်းလေးတွေနဲ့ပဲ နှုတ်ဆက်ပါရစေ     

နောက်ဆို သင်္ကြန်ကို နိုင်ငံခြားဘယ်တော့မှ မသွားတော့ပါ          သင်္ကြန်နဲ့ ပိတောက်နဲ့ တစ်နှစ်တခါလေးတော့ ဆုံချင်တယ်လေ 

ဒါမယ့် ကလေးအမေ ပျော်နေပါတယ်လို့      " လို့ သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

play

 

ဘယ်ရောက်နေတယ်လို့ သက်မွန်က မပြောပေမဲ့ မိသားစု လျှောက်လည်နေတဲ့ ဓာတ်ပုံတွေအရ စင်ကာပူကို ရောက်နေတယ်လို့ ယူဆရပါတယ်။

play

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

play

 

၂၀၁၄ခုနှစ်ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ အိမ်ထောင်ပြုပြီး အခုဆိုရင် သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်း တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေသူလည်း ဖြစ်ပါတယ်။

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD